လူမှုကွန်ယက်မှာ ဟာသဗီဒီယိုတွေနဲ့ နာမည်ကြီးလူကြိုက်များ လာတဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေး ဆုံးပါးသွားခဲ့တာ ဒီနေ့ဆိုရင် တစ်ပတ်ပြည့်ခဲ့ ပြီပဲဖြစ်ပါတယ်။ သေဆုံးသူအောင်ရဲထွေးရဲ့ ရက်လည်ဆွမ်းကျွေး အလှူပွဲလေးကိုတော့ အောင်ရဲထွေးရဲ့ သူငယ်ချင်းဖြစ်သူတွေနဲ့ အသိမိတ်ဆွေများ ကပြုလုပ်ပေးခဲ့ကြတယ် လို့သိရပါတယ်။ အောင်ရဲထွေးဟာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပေမယ့် သူရဲ့ဗုဒ္ဓဘာသာဝင် သူငယ်ချင်း တစ်ချို့က ဘုန်းတော်ကြီးကျောင်းမှာ ရက်လည်ဆွမ်းကျွေးလှူဒါန်းကုသိုလ်ပြုပေးခဲ့ ကြတာပဲဖြစ်ပါတယ်။ 

ဇန်နဝါရီလ(၉)ရက်နေ့ ဒီနေ့မှာတော့ ဗဟန်းမြို့နယ်ရှိ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာ သူငယ်ချင်းများက အောင်ရဲထွေးအတွက် ရည်စူးလှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။ အဲ့ဒီရက်လည်ဆွမ်းကျွေး အလှူလေးကိုတော့ အောင်ရဲထွေးရဲ့အသိမိတ်ဆွေများဖြစ်ကြတဲ့ အေးနေဝင်း၊ အဆိုတော်ယုန်လေး၊ ဟာသသရုပ်ဆောင်ရဲရင့်တို့ အပြင် အနုပညာနယ်ပယ်မှ အသိမိတ်ဆွေများ တက်ရောက်ခဲ့ကြတယ် လို့သိရပါတယ်။ သူငယ်ချင်းများက သေဆုံးသူ အောင်ရဲထွေး ကောင်းရာမွန်ရာ အရပ်သို့ရောက်စေရန် ဝိုင်းဝန်းဆုတောင်းကုသိုလ်ပြု ပေးခဲ့ ကြတယ်တာပဲဖြစ်ပါတယ်။ 

အောင်ရဲထွေး သေဆုံးခဲ့တဲ့ အမှုကိုလည်း တရားမျှတတဲ့ စီရင်ချက်တွေနဲ့ အမှုမှန်ပေါ်ပေါက် စေရန်က သူငယ်ချင်း အားလုံးရဲ့ဆန္ဒဖြစ်တယ်လို့ ဆိုပါတယ်။အောင်ရဲထွေးကိုချစ်တဲ့ ပရိသတ်တွေလည်း အားလုံးရဲ့ ဆန္ဒကလည်း အခုလိုအမှုမှန်ပေါ်ပေါက်ဖို့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။လက်ရှိလှူဒါန်းခဲ့တဲ့ ရက်လည်ဆွမ်း အလှူလေးမှပုံရိပ်လေး တွေကိုလည်း မျှဝေပေးလိုက်ပါတယ်။ပရိသတ်ချစ်တဲ့ အောင်ရဲထွေအတွက် ကောင်းရာမွန်ရာအရပ် ရောက်စေဖို့ ဆုတောင်းပေးလိုက်ကြပါအုန်းနော်။

သတင်းအရင်းအမြစ် - ရဲရင့်

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။