နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပက်ထရစ်ရှာတစ်ယောက် နေကြာပန်းလေးတွေနဲ့ အလှချင်း ပြိုင်နေတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို သူမရဲ့ Facebook မှာတင်ထားပါတယ်။ သူမရဲ့ ချစ်စဖွယ် ကောင်းတဲ့ ပုံစံလေးကြောင့်ပဲ ပရိတ်သတ်တွေက ချစ်ခင်အားပေးလာတာ ဖြစ်ပြီး လက်ရှိမှာတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်း ပေါ်မှာ လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို သရုပ်ဆောင် ခဲ့ပြီး သူမရဲ့ဇာတ်ကားတွေဟာလည်း အများစု ပရိတ်သတ်အားပေးလက်ခံခဲ့တဲ့ ဇာတ်ကား လေးတွေဖြစ်ခဲ့ပါတယ်။

သူမက လက်ရှိမှာတော့ ဆန်းနေကြာစေ့ပြက္ခဒိန်အတွက် Photo Shooting ရိုက်ကူးပေး နေတာဖြစ်ပါ တယ်။ နေကြာပန်းပွင့်ကြီးတွေနဲ့အပြိုင် အလှကြီးလှနေတဲ့သူမရဲ့ပုံရိပ်လေးက ဆိုဖွယ်ရာ မရှိတော့ပါဘူး။ သူမရဲ့အချစ်ရေးကတော့ လက်ရှိမှာတည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ ချစ်သူကတိုင်းတပါးသားဖြစ်ပေမယ့် သူမအပေးမှာ အရမ်းကိုအလိုလိုက် ချစ်ခင်ပြီး စောင့်ထိန်းသင့်သမျှစည်းတွေ အားလုံးစောင့်ထိန်းခဲ့တယ် လို့ဆိုပါတယ်။

သူမရဲ့နေကြာပန်းတွေနဲ့ရိုက်ကူးထားတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို " ဆန်း နေကြာစေ့ရဲ့ 2018 calendar နှင့် "ဆန်း" နေကြာစေ့အထုတ်လေးတွေထဲမှာမြင်တွေ့ရမယ့်ပုံလေးတွေ ပါရှင့် ဓာတ်ပုံတင်နေရင်းနေကြာစေ့တောင်စားချင်လာပြီ!!! ဟဲ ” ဆိုပြီးတင်ထားတာဖြစ်ပါ တယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Patricia ( Shu Sha Naing)’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။