ကမ္ဘာကျော် အဆိုတော်ဂျက်စတင်ဘီဘာ ကတော့ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားနေတဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေအသဲစွဲ JB ရဲ့ သီချင်းတွေသာမက အသုံးအဆောင်ပစ္စည်းတွေ ၊သူ့ရဲ့ ပုံတူဖယောင်းရုပ်တွေကလည်း စိတ်ဝင်စားလူကြိုက်များနေပါတယ်။ လက်တလောမှာတော့ သူ့အတွက် သီးသန့်ထားရှိတဲ့ ပြတိုက်တစ်ခု ထွက်ပေါ်လာဦးမှာဖြစ်ပါတယ်။ အဲ့ဒီပြတိုက်ကိုတော့ ကနေဒါနိုင်ငံ Ontario မြို့မှာ ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဂျေဘီဟာ ဟောလိ၀ုဒ်ရဲ့ ကျော်ကြားသူတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကထဲက သီချင်းတွေဆိုပြီး အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာရရှိနေတဲ့ ဂျေဘီ ရဲ့ အောင်မြင်မှုကတော့ အဒွန့်ရှည်နေဆဲဖြစ်ပါတယ်။

အသက်(၂၃)နှစ်အရွယ် ဂျေဘီရဲ့ ပြတိုက်ကို ဖြစ်မြောက်အောင် သူ့ရဲ့ အဘိုးနဲ့အဘွား ကူညီပေးမှာဖြစ်ပြီး ထားရှိတဲ့ပစ္စည်းတွေကို ဖေဖော်ဝါရီလ(၁၈)ရက်မှာ ခင်းကျင်းပြသပြီး ဖွင့်လှစ်မှာဖြစ်ပါတယ်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်လက်ဖြစ်တဲ့ ဂျေဘီဟာ လက်တလောမှာ သူ့ရဲ့ အချစ်ဟောင်းဖြစ်တဲ့ ဆလီနာဂိုးမက် နဲ့ ပြန်လည်ချစ်ကြိုးသွယ်နေပြီး ဆလီနာရဲ့ မိဘတွေသဘောတူညီမှုရအောင် ကြိုးစားသွားမယ်လို့ လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၃၁)ရက်နေ့ကလည်း ဂျေဘီဟာ အဆိုတော် ဆလီနာ ရှိရာ အဆင့်မြင့်အိမ်ရာဝန်းထဲမှာ အဝတ်ဗလာနဲ့ တဝဲလည်လည် အချိန်ကုန်ခဲ့ပါသေးတယ်။ အဲ့ဒီနေ့က သူတို့ချစ်သူနှစ်ဦး နှစ်သစ်ကို အတူတူ ဖြတ်သန်းခဲ့တယ်လို့ ပြည်တွင်းမီဒီယာအချို့က ဖော်ပြထားကြပါတယ်။  

Source : Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။