ကယားပြည်နယ် ဒီမောဆိုမြို့နယ်တွင် စွန့်ပစ်သစ်များကို ပြန်လည်ဖန်တီးထားတဲ့ ထုတ်ကုန်ပြသပွဲကို ဇန်နဝါရီ ၆ ရက်နေ့က ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ပြပွဲမှာ စွန့်ပစ်သစ်သားတွေ ကနေ လူသုံးကုန်ပစ္စည်း အဖြစ် ပရိဘောဂမျိုးစုံ ဖြစ်အောင် ပြန်လည်ဖန်တီးထားတဲ့ ပစ္စည်းမျိုးစုံတွေ့ရတာပဲဖြစ်ပါတယ်။ ၎င်းထုတ်ကုန် ပြသပွဲ အခမ်းအနားကို ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊နဲ့ ဒေသခံတိုင်းရင်းသားများ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။ 

အခမ်းအနားမှာ ဒေသထွက်ကုန်တွေကို လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းတွေ ဖန်တီးနိုင်ဖို့ ဒေသအခြေပြု လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့ အကြောင်းတွေကို ဆွေးနွေးတဲ့ စကားဝိုင်းကိုလည်း ပြုလုပ်ခဲ့ တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။အဆိုပါ စွန့်ပစ်သစ်များကို ပြန်လည် ဖန်တီးထားတဲ့ ထုတ်ကုန်ပြသပွဲကို RAIN TREE လို့ နာမည်ပေးထားပြီး Village Corps Program ကို ၂၀၁၇ ခုနှစ် မေလကတည်းက ဒီမောဆိုမြို့နယ်မှာ စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီမောဆို မြို့နယ် တဝိုက်မှာ ရှိတဲ့ စွန့်ပစ်သစ်မြစ်တွေကို လူအသုံးအဆောင် ပရိဘောဂပစ္စည်းတွေအဖြင့် ပြန်လည်ဖန်တီးနေတာ ဖြစ်ပါ တယ်။ဇန်နဝါရီ ၁၅ ရက်မှာ ကျရောက်မယ့် (၆၆) နှစ်မြောက် ကယားပြည်နယ် နေ့ အခမ်းအနားမှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ ပရိဘောဂ ပစ္စည်းတွေကို ထပ်မံခင်းကျင်းပြသ ဖို့အတွက်လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။