ပြည်သူ့အချစ်တော် မင်းသမီးချော ခိုင်သင်းကြည်ကတော့ ရွှေဆံတော် ဘုရားမှာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

မင်းသမီး ခိုင်သင်းကြည်ဟာ နယ်ဘက်မှာ ရေးမြို့မှာ ရိုက်ကူးရေးအတွက် သွားရင်း ရေးမြို့ ရွှေဆံတော် ဘုရားမှာ လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

ရေးမြို့ ဂန္ဓဂူဠိတိုက်ရွှေဆံတော် ဘုရားမှာ ပဌာန်းရွတ်ဖတ်ပူဇော်ရင်း ဂရင်းနိုက်ကျောက်ပြားများ ကပ်လှူပူဇော်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်..။

သူမရဲ့ အလှူဒါနလေးကို မင်းသမီးချော ခိုင်သင်းကြည်က ဇန်နဝါရီ(၈)ရက်နေ့မှာ သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ရေးသားပြောပြထားတာ တွေ့ရပါတယ်..။

“ပဌာန်းရွတ်ဖတ်ပူဇော် ဂန္ဓဂူဠိတိုက်ရွှေဆံတော်မြတ်ကြီးသို့ဂရင်းနိုက် ကျောက်ပြားများ ကပ်လှူပူဇော်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေနဲ့ အနုပညာရှင်မိတ်ဆွေ သူငယ်ချင်းများကလည်း သူမရဲ့ အလှူလေးအတွက် ချီးကျူးသာဓု ခေါ်ထားကြတာ တွေ့ရပါတယ်..။

မင်းသမီး ခိုင်သင်းကြည်ကတော့ လွန်ခဲ့တဲ့ (၁၀)စုနှစ်များစွာကတည်းက ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချော တစ်လက်လည်း ဖြစ်ပါတယ်..။

ယောကျာၤးပရိသတ်အပြင် မိန်းကလေး ပရိသတ်တွေပါ အများဆုံး ရရှိထားတဲ့ အောင်မြင်နေတဲ့ အနုပညာရှင် မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူး..။

လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ အပြင် အကယ်ဒမီ ရွှေစင်ဆုတွေကို ဆွတ်ခူးပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

Source - ခိုင်သင်းကြည် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။