မြန်မာနိုင်ငံမှာ လူကုန်ကူးမှုအန္တာရယ်ကို တားဆီးမှုတွေပြုလုပ်ပေးနေပေမယ့် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အဓိကလူကုန်ကူးမှုအများဆုံးကတော့ တရုတ်နိုင်ငံသို့ဖြစ်တယ်လို့လည်း သိရပါတယ်။ အခြားသောအိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်း/ မလေးရှား အစရှိတဲ့နိုင်ငံတွေဆီကိုလည်း လူကုန်ကူးခံရမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းလူကုန်ကူးခံရမှုတွေလည်း ရှိနေခဲ့ပါတယ်။

၂၀၁၇ခုနှစ် ဇန်နဝါရီလမှစရျ် ဒီဇင်လာလအတွင်း လူကုန်ကူးမှု(၂၂၅)မှု ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ (၃၄၇)ဦးရှိခဲ့တယ်လို့သိရပါတယ်။ ထိုအမှုတွေကိုအပြစ်ကျူးလွန်သူပေါင်း (၆၄၈)ဦးဖြစ်တယ်လို့ သိရှိရပါတယ်။

၂၀၁၇ခုနှစ်အတွင်း အပြစ်ကျူးလွန်ခံရသူတွေထဲမှာ- အသက်ပြည့်ပြီးသူ အမျိုးသား - ၆၃ဦး/ အမျိုးသမီး- ၂၄၂ဦး/ အသက်(၁၆)နှစ်အောက် အမျိုးသား- (၁၁)ဦး/ အမျိုးသမီး- (၄၄)ဦးရှိခဲ့တယ်လို့ သိရှိရပါတယ်။

အပြစ်ကျူးလွန်သူများထဲမျာ အမျိုးသား- (၂၀၆)ဦး/ အမျိုးသမီး-(၄၃၂)ဥိးတို့ ပါ၀င်တယ်လို့လည်း သိရှိရပါတယ်။

တရုတ်နိုင်ငံသို့လူကုန်ကူးခံရသူအများစုဟာ အမျိုးသမီးများဖြစ်ကြပြီး အများစုဟာ အဓမ္မလက်ထပ်ရန်စေခိုင်းခံရမှုတွေလို့သိရှိရပါတယ်။ တစ်ခြားသော လုပ်အားခေါင်းပုံဖြတ်ခံရမှုတွေ ပြည့်တန်ဆာလုပ်ရန်စေခိုင်းမှုတွေရှိတယ်လို့လည်း သိရှိရပါတယ်။ 

၂၀၁၇ခုနှစ်အတွင်း လူကုန်တားရဲတပ်ဖွဲ့အနေနဲ့ ကြိုတင်စုံစမ်းထောက်လမ်းမှုနည်းလမ်းတွေကို အသုံးပြုတားဆီးခဲ့ပါတယ်။ ယခုကဲ့သို့ စီမံချက်ကောင်းကောင်းဖြင့် နောက်နှစ်တွေမှာလူကုန်ကူးခံရမှုတွေ လျော့ကျအောင် စီမံဆောင်ရွက်ပေးစေလိုကြောင်း တင်ပြအပ်ပါတယ်။ 

source-Eleven Media Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။