မြန်မာနိုင်ငံရဲ့ စင်မြင့်များထက်မှာ အောင်မြင်စွာလျှောက်လှမ်းနေကြတဲ့ တိုင်းရင်းသူ မော်ဒယ်လ်တွေထဲမှာ M ဆိုင်းလုလို့ခေါ်တဲ့ သူမလေးလဲပါဝင်ပါတယ်။

ထူးခြားတဲ့ရုပ်ရည်နဲ့ သူမတူတဲ့ဖက်ရှင်တွေက စူပါမော်ဒယ်လ်တစ်ယောက်လို့ ပြောစရာ မလိုလောက်အောင် အထာကျလွန်းနေတာပါ။

ဒီနေ့တော့ သူမကို ဆင်ကြီးများနဲ့အတူ မြင်တွေ့ရပါတယ်။ အဖြူရောင်အကျီလေးနဲ့ ဂျင်း ဘောင်းဘီလေး ဝတ်ထားတဲ့ သူမကပေါ့ပါးကာ စတိုင်ကျလို့နေပါတယ်။ ဆင်ကလေးတွေကို ချစ်ဖို့ကိုလည်း သူမက ပြောပြထားခဲ့ပါသေးတယ်။

သူမတို့ဝတ်ဆင်တဲ့ ဖက်ရှင်စတိုင်တွေဟာ ပရိသတ်များအကြိုက်နဲ့ ထပ်တူကျတယ်လို့ ဆိုနိုင်ပါတယ်။

ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ဖော်ပြတက်တဲ့ သူတွေထဲမှာတော့ M ဆိုင်းလုတစ်ယောက် မပါဝင်ပါဘူး။ လုံခြုံမှုရှိကာ စမတ်ကျစေတဲ့ ဖက်ရှင်များနဲ့သာ မြင်တွေ့ရပါတယ်။

MODA မဂ္ဂဇင်းရဲ့ အစီအစဉ်တစ်ခုမှာလည်း သူမက ရိုးရိုးရှင်းရှင်းလေးနဲ့ ဘယ်လို မျိုးမိုက်အောင် ဝတ်လု့ိရသလဲဆိုတာကို ပရိသတ်များအတွက် မျှဝေပေးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ သူမချစ်တဲ့အနုပညာအလုပ်အပြင် Photo Model အဖြစ်လည်း မြင်တွေ့ရသ လို MTV အတော်များများမှာလည်း သူမရဲ့သရုပ်ဆောင်မှုများကို မြင်တွေ့ရလေ့ရှိပါတယ်။

ဒီလိုလှပကာ ဆွဲဆောင်မှုရှိတဲ့ တိုင်းရင်းသူမော်ဒယ်မလေးကိုလည်း ချစ်တယ်မလား ပရိသတ်ကြီးရေ ။

Source – M Seng Lu FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။