ဖိလစ်ပိုင်ဆီးဂိမ်းအတွက်စတင်ပြင်ဆင်နေပြီဖြစ်တဲ့

ဦးကြည်လွင်ခေါင်းဆောင်တဲ့မြန်မာယူ-21အသင်းဟာနေရှင်နယ်လိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ဧရာဝတီယူနိုက်တက်နဲ့

မနေ့ကခြေစမ်းပွဲကစားခဲ့ပါတယ်။မြန်မာယူ-21အနေနဲ့ဧရာဝတီလိုအသင်းကြီးတစ်သင်းနဲ့ခြေစမ်း

ပွဲကစားရတာအကျိုးရှိစေသလိုနေရှင်နယ်လိဂ်ရာသီသစ်

အတွက်ပြင်ဆင်နေတဲ့ဧရာဝတီအတွက်လည်းမြန်မာယူ-21နဲ့

ခြေစမ်းပွဲဟာအကျိုးရှိစေခဲ့မှာပါ။ဧရာဝတီဟာမြန်မာနေရှင်နယ်လိဂ်အဖွင့်ပွဲအဖြစ်အဝေးကွင်းမှာရတနာပုံအသင်းနဲ့သွားရောက်ကစားရမှာပါ။မြန်မာယ-21အတွက်အနီးကပ်ဆုံးပြိုင်ပွဲကတော့ဘရူနိုင်းဖိတ်ခေါ်ဖလားသွားပြိုင်ဖို့ရှိပါတယ်။

ဧရာဝတီအသင်းဟယ MPT Myanmar National League ၂၀၁၈ ရာသီကြိုပြင်ဆင်မှုအဖြစ် ယနေ့ခြေစမ်းပွဲကို နိုင်ငံခြားသား ကစားသမား၊ အဓိက ကစားသမားစုံလင်စွာဖြင့်ပွဲထွွက်ကစားလာခဲ့ပါတယ်။ ဧရာဝတီအသင်းအတွက် ဂိုးတွေကို ကျော်မြင့်ဝင်း မှ ပွဲချိန် ၃၂မိနစ်၊ ဝေဠုကပွဲချိန် ၈၀မိနစ်မှာဧရာဝတီအတွက်ဂိုးတွေသွင်းယူပေးခဲ့သည်။ မြန်မာယူ-21အသင်းကတော့ချေပဂိုးတွေကိုပွဲပြီးခါနီး

နောက်ပိုင်းမိနစ်တွေမှရရှိခဲ့တာပါ။မြန်မာ့လက်ရွေးစင် ယူ-21အသင်းအတွက် ချေပဂိုးတွေကို ပွဲချိန် ၈၃မိနစ်တွင် ဇွဲသက်ပိုင်၊ ပွဲချိန် ၈၇ မိနစ်တွင် ဇော်ဝင်းမောင်တို့မှ အသီးသီးသွင်းယူခဲ့ဆယ်လို့သိရပါတယ်။

ဦးကြည်လွင်ခေါင်းဆောင်တဲ့ယူ-21ဟာအပတ်စဉ်ပိတ်ရက်တွေမှာလေ့ကျင့်နေတဲ့အသင်းတစ်သင်းပါ။ဖိလစ်ပိုင်ဆီးဂိမ်း

အတွက်ကာလရှည်ပြင်ဆင်နေတဲ့အသင်းတစ်သင်းဖြစ်ပြီး

နိုင်ငံတကာဖိတ်ခေါ်ဖလားပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်

သွားမယ်လို့သိရပါတယ်။အသင်းကဲ့အဓိကကစားသမား

အီစိုးအသက်ကျော်သွားပြီးရန်ကုန်အသင်းကိုပြန်သွားပေမယ့်

တိုက်စစ်ထက်မြက်နေဆဲဆိုတာဧရာဝတီနဲ့ခြေစမ်းပွဲမှာပြသ

နိုင်ခဲ့ပါတယ်။လက်ရှိရွေးချယ်ထားတဲ့လူစာရင်းဟာ

ပဏာမလူစာရင်းသာဖြစ်တာကြောင့်နေရှင်နယ်လိဂ်စတင်ရင်

ခြေစွမ်းပြလူငယ်ကစားသမားတွေအသင်းမှာထပ်ပါလာနိုင်ဖို့

ရှိနေပါတယ်။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။