နိုင်ငံကျော်အဆိုတော် ရော့ခ်ကာကြီး ထူးအယ်လင်း ကတော့ အိန်ဂျယ်တယော ဆိုတဲ့ သီချင်းနဲ့နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

အမိုက်စားအသံပါ၀ါကြောင့် ဘယ်လိုသီချင်းမျိုးနဲ့မဆို လိုက်ဖက်တဲ့ ထူးအယ်လင်း ဟာ သားတစ်ယောက် သမီးတစ်ယောက် ရရှိထားတာဖြစ်ပါတယ်။

လက်ရှိအိမ်ထောင်နဲ့ သားလေးတစ်ယောက်ရရှိထားတဲ့ ထူးအယ်လင်းဟာ သူ့ရဲ့ သမီးကြီးလေးကိုလည်း မကြာခဏ ပွဲထုတ်လေ့ရှိပါတယ်။

ချစ်စရာကောင်းတဲ့သမီးလေးရဲ့ သီချင်းဆိုတဲ့ဗီဒီယိုတစ်ခုကို ထူးအယ်လင်းက မနေ့ညက သူ့ရဲ့ ဖေ့ဘုတ်မှာ ပရိသတ်တွေကို အခုလို ထုတ်ကြွားထားတာဖြစ်ပါတယ်။

“ငါ့သမီးသီချင်းဆိုနေတယ်

ဗီဇဆိုတာသွေးကနေပေါ်ပြီးသားမို့လို့ လဖက်ခူးတဲ့အမေ သီချင်း live ဆိုပြတာနားထောင်အားပေးကြည့်ပါအုံး ... ကျေးဇူးတင်ပါတယ် ကိုယ်တော်

ရှစ်နှစ်သမီးကို အဖေတစ်ယောက်အနေနဲ့ ဂုဏ်ယူတယ် ။

ဒါပဲ ဗီဇကသွေးမှာပါတယ် ။

ဟဟ ဟူးးးးးးးးးးးးးဇ” လို့ ရေးသားထားတာပါ။

လက်ဖက်ခူးတဲ့ အမေ သီချင်းလေးကို Live လွှင့်ပြီး ဆိုပြသွားတဲ့ သမီးဖြစ်သူ ရဲ့ အသံပါ၀ါကတော့ တကယ့်ကို ဖခင်ရဲ့ အမွေဆက်ခံမယ့် အရိပ်အယောင်တွေတွေ့နေရပါတယ်။

အဆိုတော်ဖြစ်သူ ဖခင်ရဲ့ ခြေရာနင်းမယ့် သမီးလေးကတော့ ဒီအရွယ်လေးနဲ့ သီချင်းတွေဆိုတတ်နေတာချီးကျုးစရာပါပဲ။

ပရိသတ်ကြီးရေ ထူးအယ်လင်း သမီးလေးကို အားပေးလိုက်ပါဦးနော်။  

Source : Htoo Al Lin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။