တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသား Gong Yoo နဲ့ မင်းသမီး Jung Yoo Mi တို့ဟာ လက်ထပ်တော့မယ့်ဆိုတဲ့ သတင်းအမှားတွေကို ငြင်းဆိုလိုက်ပါတယ်..။

သူတို့နှစ်ယောက် လက်ထပ်တော့မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းအမှားတွေကို Gong Yoo ရဲ့ အေဂျင်စီက ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်..။

မင်းသား Gong Yoo နဲ့ မင်းသမီး Jung Yoo Mi တို့ဟာ သူတို့ လက်ထပ်ပွဲကို တိတ်တဆိတ် ပြင်ဆင်နေတယ်ဆိုပြီး ကောလဟာလ သတင်းအမှားတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

Gong yoo နဲ့ မင်းသမီး Jung Yu Mi တို့ဟာ ဆိုးလ်မြို့မှာရှိတဲ့ ရှီလာဟိုတယ်မှာ မင်္ဂလာပွဲ ပြုလုပ်ဖို့ အတွက် သတ်မှတ်ရက်ကို တိတ်တဆိတ် ယူထားတယ်ဆိုတဲ့ သတင်းတွေဟာ လူမှုကွန်ယက်ပေါ်မှာ ထွတ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်..။

သူတို့နှစ်ယောက် လက်ထပ်တော့မယ့် သတင်းကို ကြားသိသိချင်း ပရိသတ်တွေ အံ့အားသင့်ခဲ့ရပြီး အနုပညာလောကနဲ့ Fan တွေကြား အတော်လေးကို ဂယက်ရိုက်သွားခဲ့ပါတယ်..။

အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အေဂျင်စီဖြစ်တဲ့ Soop Management က အခုလို သတင်းထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်..။

Soop Management က “Gong Yoo နဲ့ Jung Yu Mi တို့ လက်ထပ်မယ်ဆို လတ်တလောထွက်ပေါ်နေတဲ့ သတင်းဟာ အမှန်မဟုတ်ပါဘူး.. ကောလဟာလ သတင်းတစ်ခုသာ ဖြစ်ပါတယ်.. သူတို့ နှစ်ဦးကတော့ သူငယ်ချင်းတွေပါပဲ..” ဆိုပြီး ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်..။

မင်းသား Gong Yoo နဲ့ Jung Yu Mi တို့ နှစ်ယောက်ကတော့ ပရိတသ်တွေကြား အရမ်းကို ရေပန်းစားခဲ့တဲ့ “Train To Busan” ဒရမ်မာ ဇာတ်ကားကြီးမှာ အတူပါဝင်ရိုက်ကူးထားပါတယ်..။

Source - Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။