နာမည်ကျော်အနုပညာရှင်များဖြစ်ကြတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့နှစ်ယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်လေး တွေကို ဆုဆုက သူမရဲ့ Instagram မှာတင်ထားခဲ့ပါတယ်။ နှစ်ယောက်သား မျက်မှန်လေးတွေနဲ့ လေးလုံးလေးတွေပေါ့နော်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ် ခင်ကြပြီး နားလည်မှုရှိကြတာ ကြောင့် ပရိတ်သတ်တွေအားကျတဲ့ ချစ်စဖွယ် Cele စုံတွဲ လေးတစ်တွဲပါပဲ။ နှစ်ယောက်သားရဲ့ အချစ်ခရီးဟာလည်း တစ်နှစ်ကျော်ကာလကို ဖြတ် သန်းခဲ့ပြီဖြစ်ပြီး တွဲလက်တွေလည်း ခိုင်ခိုင်မြဲလို့နေပြီ ဖြစ်ပါတယ်။ အတူတူရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတွေကိုလည်း ပရိတ်သတ်တွေက အားပေးကြမ်း ခဲ့ကြပါတယ်။

နှစ်ယောက်သားက လက်ရှိမှာကြိုးစားဆဲဖြစ်တာမို့ လက်ထပ်ဖို့ကိုတော့ မစဉ်းစားသေး ဘူးလို့ဆိုပါ တယ်။ ဆုဆုနေမကောင်းတဲ့အချိန်တွေမှာ ချစ်သူဖြစ်တဲ့ သူရိယက ဂရုတစိုက်နဲ့ ပြုစုပေးတာကြောင့် သူမက အရမ်းကိုစိတ်ချမ်းသာတဲ့အနေအထားတစ်ခုနဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ ပရိတ်သတ်တွေ အားကျရတဲ့ ရွှေမင်းသမီးလေးပါပဲ။ နှစ်ယောက်လုံးက အနုပညာအသိုင်းအဝိုင်းကဖြစ်ပြီး တစ်ယောက်ကို တစ်ယောက်လည်း သံယောဇဉ်တွေပိုပြီး အချစ်တွေနဲ့ချည်နှောင်ထားတဲ့ မေတ္တာကမ္ဘာလေးကို တည်ဆောက်နေတာပဲဖြစ်ပါ တယ်။

ချစ်စရာကောင်းပြီး လိုက်ဖက်တဲ့သူတို့နှစ်ဦးရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ နှစ်ယောက်သားက တကယ်ကိုလိုက်ဖက်လွန်း ပြီး တစ်ယောက်ကို တစ်ယောက်လည်း အရမ်းကိုချစ်ခင်ကြတယ်ဆိုတာ နှစ်ယောက်အတူ တူရိုက်ကူးထားတဲ့ ပုံရိပ်လေး တွေကိုကြည့်ရင် သိသာပါတယ်။ ပရိတ်သတ်ကြီးလည်းမြင် တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo – Hse Eaint San’s Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။