တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း Kpop အဆိုတော်အဖွဲ့ဖြစ်တဲ့ SHINee အဖွဲ့ကတော့ စီစဉ်ထား အဖွဲ့ဝင် Jonghyun မသေဆုံးခင်ကတည်းက စီစဉ်ထားတဲ့ ဖျော်ဖြေပွဲကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်..။

SHINee အဖွဲ့ဟာ သူတို့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Jonghyun ကွယ်လွန်သွားပြီးနောက်ပိုင်း ဘယ်လိုဖျော်ဖြေပွဲကိုမှ ဖျော်ဖြေဖို့ကို လတ်တလော ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပါဘူး.. လို့ SM အင်တာတိန်းမန့်က ပြောကြားခဲ့ပါတယ်..။

ဒါပေမယ့် Jonghyun ရှိစဉ်ကတည်းက ဂျပန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ သူတို့ရဲ့ ဖျော်ဖြေပွဲကိုတော့ မဖျက်ဘဲ ဆက်ပြီးပြုလုပ်သွားမယ်လို့ သိရပါတယ်..။

Jonghyun အခုလို ဆုံးပါးသွားလို့ အဲ့ဒီဖျော်ဖြေပွဲကို ဖျက်ဖို့ပြုလုပ်ထားကြပေမယ့်လည်း Jonghyun ရဲ့ မိခင်ဖြစ်သူရဲ့ ဆန္ဒအရ ဖျော်ဖြေပွဲကို မဖျက်တော့ဘဲ ဆက်ပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အဖွဲ့ဝင် Onew က ဆိုပါတယ်..။

သူတို့ရဲ့ “SHINee World The Best 2018 ~From Now On” ဂီတ ဖျော်ဖြေပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်..။

နောက်ဆုံးမှာ သူတို့ ဖျော်ဖြေပွဲလေးကို ပြုလုပ်သွားမယ့်အကြောင်းကို SHINee အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ Fan တွေကို သူတို့ကိုယ်တိုင်စာရေးပြီး ပြောပြခဲ့ကြပါတယ်..။

ဂျပန်မှာ ပြုလုပ်မယ့် သူတို့ရဲ့ အဆိုပါဖျော်ဖြေပွဲလေးကတော့ အဖွဲ့ဝင် Jonghyun ကွယ်လွန်ပြီးနောက် ပထမဆုံး ဖျော်ဖြေပွဲလေးလည်း ဖြစ်ပါတယ်..။

Jonghyun ကွယ်လွန်သွားပြီ ဖြစ်တဲ့အတွက် ဖျော်ဖြေပွဲကို ကျန်တဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Onew, Minho, Key နဲ့ Taemin တို့က ဆက်လက်ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Jonghyun ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၈)ရက်နေ့က သူရဲ့ နေအိမ်တိုက်ခန်းမှာ ကိုယ့်ကိုကိုယ် သေကြောင်း ကြံစည်ပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်..။

Source - allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။