နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးယုစံတစ်ယောက် အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ မိသားစု ကိုပိုမိုအချိန်ပေးဖြစ်နေတာမို့ အနုပညာလုပ်ငန်းတွေကို ခေတ္တရပ်နားထားတာကို တွေ့ရပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စဖွယ်သားလေး ကောင်းသိင်္ခမိုးသူကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သားလေးဟာ လက်ရှိမှာ လေးလကျော်လောက်ရှိနေပြီဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းတဲ့ အရွယ်လေး တစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ဝူးဝူးဝါးဝါးပြောတတ်တဲ့ ချစ်စဖွယ်အရွယ်လေးမို့ ဖေဖေမေမေတို့ရဲ့ အသဲတုန်လေးဖြစ်နေပါပြီ။

သားလေးလေးလအရွယ်လောက်လာပြီဖြစ်တာကြောင့် မေမေမိုးယုလည်း တော်သစ်နှစ် သစ်နှင်းဆီ အငြိမ့်မှာ မင်းသမီးတစ်ဦးအဖြစ် ပါဝင်ကပြထားပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ချစ်စဖွယ်သားလေးက အမေတူ အဖေတူ ဖေဖေမေမေ တို့ရဲ့ အလှအားလုံးကို သိမ်းယူထားတာကြောင့် တကယ့်ကိုအချောစားလေးပါပဲ။ ပြုံးရွှင်နေ တဲ့ပုံလေးတွေဟာလည်း တကယ့်ကို ချစ်စရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ အမြဲတမ်းပုံရိပ်လေးတွေတိုင်းမှာ ပြုံးနေတတ်တဲ့ သားသားရဲ့ချစ်စဖွယ်မျက်နှာပေးလေး တွေက ပရိတ်သတ်တွေကို အချစ်ပိုစေပါတယ်။

တကယ့်ကိုအသည်းယားချင်စဖွယ်ပြုံးတတ်နေတဲ့ သားသားလေး ကောင်းသိင်္ခမိုးသူရဲ့ အပြုံးချိုချို လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ချစ်စဖွယ် သားလေးရဲ့ ချစ်စဖွယ် အပြုံလေးတွေကိုကြည့်ရင်း ဘဝအမောတွေကို ပြေပျောက်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

Photo – Moe Yu San’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။