ချစ်သူဆီက မွေးနေ့လက်ဆောင်ရလို့ ပျော်နေတဲ့ နန်းသူဇာ

လှပတဲ့ မျက်ဝန်းလေးတွေကြောင့် ပရိသတ်ကြား ရေပန်းစားနေသူလေးကတော့ နန်းသူဇာ ပဲဖြစ်ပါတယ်။ "လာရာလမ်းလေး" ဆိုတဲ့ သီချင်းနဲ့ ပရိသတ်စတင်သတိပြုမိခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ သီချင်းအယ်လ်ဘမ်တစ်ခု ထွက်ရှိထားပါတယ်။

နာမည်ကျော်အဆိုတော် ကျော်ထွဋ်ဆွေနဲ့ တွဲနေသူဖြစ်ပြီး လိုက်ဖက်လှတဲ့ သူမတို့စုံတွဲဟာ ပရိသတ်တွေကြား ရေပန်းစားလှပါတယ်။ ဒီနေ့ကတော့ နန်းသူဇာရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့ ရွှေတိဂုံဘုရားကိုသွားကာ ကောင်းမှုကုသိုလ်တွေလုပ်ခဲ့ပြီး ချစ်သူနဲ့အတူ မနက်စာကို Signature မှာစားခဲ့တယ်ဆိုပြီး သူမရဲ့ဖေ့စဘုတ်စာမျက်နှာမှာ တင်ထားပါတယ်။ သူမရဲ့ ချစ်သူကျော်ထွဋ်ဆွေက မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ အခါမှာတော့……………

"My one and only and 1st bd gift...

ချစ်သူ ့ လက်ဆောင် ?

Thank You!!!

A4 စာရွက်Hand Made ဖဲပြားလေးနဲ့နော်

သူ့ဟာသူတွေ ကြံဖန်ထားတာတဲ ့ ???

တေတွားမယ် Design က Hehehee ??

မကွဲအောင် သုံးပါ့မယ် hehee

#2016NtZeeBirthday" ဆိုပြီး ဓာတ်ပုံလေးနဲ့အတူ တွဲတင်ထားပါတယ်။

ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းတဲ့ စုံတွဲလေးလည်းနော်………

Source: Nan Thuzar Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။