ပါပါရာဇီတွေကတော့ အမိအရကို ရိုက်ယူထားလိုက်နိုင်တာမို့ ဒီပုံကတော့ လူမှုကွန်ရက်မှာ ပျံ့နေပါပြီ။

ဘယ်လောက်ပဲ လှပတဲ့ မင်းသမီးတွေဖြစ်ပါစေ သူတို့လည်း သာမန်လူတွေထဲက လူတွေမို့ ချို့ယွင်းချက်ဆိုတာကတော့ ရှိတတ်စမြဲပါပဲ။ အမြဲလိုလို အလှအပထိန်းသိမ်းပေမယ့်လည်း အစားသောက်၊ ကျန်းမာရေး ၊မိတ်ကပ်အခြေအနေ စတဲ့အကြောင်းကိစ္စတွေကြောင့် နာမည်ကြီးဆယ်လီတွေလည်း တစ်ခါတစ်လေ အသားရေမှာ အလက်ဂျစ်ဖြစ်ပြီး ၀က်ခြံထွက်တဲ့အခိုက်တန့်ရှိကြပါတယ်။

ကမ္ဘာကျော်စူပါမော်ဒယ် Victoria Scret မော်ဒယ်တစ်ဦးဖြစ်တဲ့ အသက်(၂၃)နှစ်အရွယ် Kendall Jenner ကတော့ ယခုရက်ပိုင်းအတွင်း ရွှေကမ္ဘာလုံးဆုပေးပွဲကို အနက်ရောင်ဂါ၀န်လေးနဲ့ ပွဲတက်ခဲ့ပါတယ်။

ပွဲတက်လာစဉ် သူမရဲ့ မိတ်ကပ်တွေက ၀က်ခြံထွက်တဲ့ အသားအရေကို မဖုန်းကွယ်နိုင်တာကြောင့် မီဒီယာတွေကြားမှာ သူမရဲ့ မျက်နှာကို အသားပေးရိုက်ကူးထားတဲ့ ပုံတွေက ဝေဖန်မှုတွေခံခဲ့ရပါတယ်။

ဝေဖန်တဲ့ပရိသတ်တွေရှိကြသလို သူမကို အားပေးတဲ့ ပရိသတ်တွေလည်း ရှိကြပါတယ်။ ကန်ဒဲလ်ကတော့ သူမရဲ ့ခံစားချက်ကို အခုလိုပဲ "တစ်ကယ်တမ်းကျွန်မကို ထိခိုက်စေခဲ့တာက ကိုယ့်ကိုယ်ကိုယ်တောင် မလုံမလဲဖြစ်နေတဲ့အထိပါပဲ။ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို လုံးဝပျက်သုဉ်းသွားစေခဲ့တယ်။ လူတွေနဲ့ စကားပြောရင် သူတို့ကို မျက်လုံးချင်းဆုံမကြည့်ရဲဘူး" လို့ အရင်တုန်းက သူမရဲ့ blog မှာ ရေးသားပြီး ပွင့်ပွင့်လင်းလင်းရင်ဖွင့်ခဲ့ပါတယ်။

ကန်ဒဲလ်ကတော့ နဂိုထဲက ၀က်ခြံအထွက်များတဲ့ အသားအရေမို့ သူမ့အတွက်တော့ မထူးဆန်းနေတော့ပါဘူး။ သူမဟာ ညီမဖြစ်တဲ့ ကိုင်လီဂျန်နာထက် အသားအရေ ညံ့သူတစ်ယောက်ဖြစ်ပြီး အခုလို ၀က်ခြံထွက်တဲ့မျက်နှာအသားရေနဲ့ပတ်သက်ပြီး အမြဲလိုလို ဝေဖန်ခံရဖူးပါတယ်။  

Just jared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။