သရုပ်ဆောင်ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ရဲ့အိမ်ထောင်ရေးဂယက်တွေကတော့ ပရိသတ် တွေကြားမှာ အရမ်းကိုစိတ်ဝင်စားခဲ့ရတဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အထင်လွဲသံသရစိတ်တွေနဲ့ အိမ်ထောင်ရေးကွဲကွာခဲ့ရတဲ့ အထိပြသနာကြီး ထွားခဲ့တာကြောင့် ပရိသတ်တွေပါ ထပ်တူစိတ်မကောင်းဖြစ်ခဲ့ ရတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ ခင်ပွန်းဖြစ်သူဘုဏ်းသိုက်ဟာ ကွဲကွာနေတယ်လို့ပရိသတ်တွေ သိထားတဲ့ ဇနီးသည်ချမ်းချမ်းကို ဝမ်းသာမျက်ရည်ကျစေခဲ့တဲ့ စပရိုက်တစ်ခုပြုလုပ်ခဲ့တယ် လို့သိရပါတယ်။ 

အဆိုတော်ချမ်းချမ်းကို ဇန်နဝါရီ(၉)ရက်နေ့ဒီနေ့ညပိုင်းမှာတော့ Sky Net "up to date channle" လေးရဲ့အမေးအဖြေ ကဏ္ဌလေးမှာ ကိုယ်တိုင်တိုက်ရိုက်ဖုန်းဆက်ပြီး စပရိုက်လေးပြုလုပ်ခဲ့ တာပဲဖြစ်ပါတယ်။ချမ်းချမ်းဆီပရိသတ်တွေ တိုက်ရိုက်ဖုန်း ခေါ်ဆိုစကားပြောခွင့်ရခဲ့ တဲ့ဒီ အစီစဉ် လေးမှာတော့ ပရိသတ်တွေရဲ့ဖုန်းကို သူမစောင့်မျှော်နေချိန်ဖုန်းလေး တစ်Callဝင်လာခဲ့ပြီး "အားလုံးပဲမင်္ဂလာပါ ကျွန်တော်ဘုဏ်းသိုက်ပါ" ဆိုတဲ့အသံလေး ကြားလိုက် ရတာပဲဖြစ်ပါတယ်။ သူမကိုယ်တိုင်လုံးဝ ထင်မှတ်မထားတဲ့ဖုန်းခေါ်ဆိုမှု လေးဖြစ်တာကြောင့်မျက်ရည်လေး တွေဝဲပြီးအရမ်းကိုဝမ်းသာပျော်ရွှင်သွားပုံရပါတယ်။

ဖခင်းပွန်ဖြစ်သူဘုဏ်းသိုက်ဟာလည်း ရင်ခုန်ခြင်းများစွာနဲ့ ဒီအစီအစဉ်လေးမှာ ဖုန်းခေါ်ဆိုခဲ့တာဖြစ်ပြီး သူတို့မိသားစုအမှတ်တရလေးတွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။ ဘုဏ်းသိုက်ဟာ သူတို့မိသားစုလေးပြသနာတွေ အားလုံးအဆုံးသတ်ပြီး အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်နေရဖို့ကိုလည်း မျှော်လင့်ပါတယ်လို့ဆိုပါတယ်။ ချမ်းချမ်းကလည်း အခုလိုကွာရှင်းလိုက်ရတာဟာ သူမအပေါ်ဟိုးအရင်ကလိုအာရုံပြန်စိုက်လာအောင် ကွာရှင်းခဲ့တာပါလို့ဆိုပါတယ်။ဒီမိသားစုလေးအပေါ် သူတကယ်အာရုံရှိပြီး ပြန်တည် ဆောက်ချင်ရင်ပြန်လာမှာပါလို့ မျက်ရည်လေးတွေကျရင်းပြောခဲ့တာပဲဖြစ်ပါတယ်။အပြန်အလှန်နားလည်မှုလေးတွေလွဲနေကြတဲ့သူတို့မိသားစုလေးကိုဟိုးအရင်ကလိုပရိသတ်တွေအားလုံးကပြန်လည်ပေါင်းစည်းစေချင်နေကြပါတယ်။ဟုတ်တယ်မလားပရိသတ်ကြီး??။

သတင်းအရင်းအမြစ် - ချမ်းချမ်း

REF - PanPwint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။