ကြည်လင်းဟာမြန်မာ့ဘောလုံးလောကရဲ့Brandတစ်ခုပါ။

မြန်မာ့လက်ရွေးစင်အသင်းရဲ့တောင်ပံမှာနံပတ်ရှစ်လို့ပြောလိုက်တာနဲ့ကြည်လင်းကိုတန်းမြင်ကြပြီးသားပါ။

ဒါဟာကြည်လင်းတည်ဆောက်ခဲ့တဲ့Brandပါပဲ။

တချိန်ကအာဆီယံမှာနာမည်ကြီးခဲ့တဲ့K3တိုက်စစ်အတွဲလို့ခေါ်တဲ့ကျော်ကိုကို

၊ကျော်ဇေယျာဝင်း၊ကြည်လင်းတိုက်စစ်အတွဲမှာလည်းသူကအဓိကလူဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်ကြည်လင်းဒဏ်ရာကြောင့်မြန်မာ့ဘောလုံးလောကကနေပျောက်ကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့် ရန်ကုန်ယူနိုက်တက်နဲ့ရှမ်းတို့ရဲ့ချာရတီဖလားလုပွဲမှာကြည်လင်းပြန်လာခဲ့ပါတယ်။

အရင်လိုဖျတ်လတ်မှုတွေပျောက်ဆုံးနေပေမယ့်မဖြစ်နိုင်တဲ့ဖြတ်တင်ဘောတွေ၊တိကျတဲ့ဘောလုံးပေးပို့မှုတွေသူပြုလုပ်နိုင်နေဆဲပါ။

ရန်ကုန်နဲ့ပွဲမှာအရင်ကြည်လင်းပြန်မဖြစ်ခဲ့ပေမယ့်ခြေစွမ်းပြနိုင်ခဲ့တဲ့သူကိုတော့ပရိသတ်တို့အသိအမှတ်ပြုခဲ့ကြပါတယ်။

မြန်မာရွန်းနီလို့သူ့ကိုခေါ်ကြသလိုစိတ်ဆတ်တဲ့အမူအရာတွေကိုလည်းသူပြသခဲ့ပါသေးတယ်။

ကြည်လင်းအနေနဲ့သူ့ခြေစွမ်းအပေါ်အလုံးစုံကျေနပ်နိုင်ခြင်း

တော့မရှိသေးပါဘူး။

”ကျွန်တော် ဒီထက်မက ပိုပြီးတော့ လုပ်နိုင်သေးတယ်လို့ ယုံကြည်တယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ

အများကြီးပိုပြီးတော့ကြိုးစားရဦးမယ်။

အခုလက်ရှိကျွန်တော့်ခြေစွမ်းကပုံမှန်အနေအထားကို

မရောက်သေးဘူးလို့ပဲ မြင်တယ်"လို့ကြည်လင်းကပြောပါတယ်။

ဒီထက်အများကြီး ကြိုးစားရဦးမှာပါ”ဟု ပြောကြားခဲ့သည်။

Source-YUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။