မြန်မာ့အနုပညာလောကမှာ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ ချောရတနာကို ပရိသတ်များအသိပဲဖြစ်ပါတယ်။ ရုပ်ချောသဘောကောင်းပြီး သာယာပျော်ရွှင်စရာ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။ မနေ့က သရုပ်ဆောင်မင်းသမီးချောရတနာကတော့ လေးစားဖွယ်ရာ မိသားစုကုသိုလ်ကောင်းမှုလေးကို လုပ်ဆောင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ 

ဇန်နဝါရီလ(၉)ရက်နေ့ မနေ့ပြုလုပ်ခဲ့တဲ့ မိသားစုကောင်းမှုကုသိုလ်လေးကို သူမရဲ့ လူမှုစာမျက်နှာမှတဆင့် ပြောပြခဲ့ပါတယ်။ ချောရတနာရဲ့ အလှူလေးကတော့ တစ်ပါးဆောင်အလှူ လေးပဲဖြစ်ပါတယ်။ ၎င်းအလှူကို မော်လမြိုင်မြို့ ဖားအောက်တောရကျောင်းမှာ လှူဒါန်းခဲ့တာဖြစ်ပြီး " ဒီနှစ်ရဲ့ အစအလှူမှ ဒီထက်မကသော အလှူများ လှူခွင့်ရရပါလို၏ " ဟူ၍လည်း ဆုတောင်းထားတာတွေရပါတယ်။

သရုပ်ဆောင်မင်းသမီးချောရတနာ၏အလှူကို "နှစ်ဖက်သောမိဘများအားအမှူးထား၍ ဦးကျော်လင်း+ဒေါ်ချောရတနာ သားမောင်ကောင်းသုတကျော် မိသားစုကောင်းမှု"ဟူ၍ ရေးထိုးထားခဲ့ပါတယ်။ ပျော်ရွှင်စရာ မိသားစု အလှူလေးပဲဖြစ်တာကြောင့် ပရိသတ်ကြီးကို ကုသိုလ်ကောင်းမှုများနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Source - Chaw Yadana

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။