ငှက်ပျောသီးဟာ ပျိုမေတို့အတွက် အလှပရေးရာအတွက်၊ အသုံးဝင်နေတယ်ပါတယ်နော်။ လူတိုင်းအတွက် ကျန်းမာရေးအတွက် အစွမ်းထက်လှတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ် ။ ငှက်ပျော်ခွံမှာ အမျှင်ဓာတ်တွေ များစွာပါဝင် နေတယ်ဆိုတာသင်သိပါသလား။ ငှက်ပျောခွံမှာ လူတွေအတွက်အသုံးဝင်တဲ့ ဓာတ်တွေပါရှိတာကြောင့် စားပြီး ရင်တော့ အခွံကိုလွင့်မပစ်ကြပါနဲ့နော်။ ငှက်ပျောသီးခွံမှာ ပါရှိတဲ့အမျှင်ဓာတ်က ဝမ်းမှန်စေတဲ့အတွက် ဇွန်းနဲ့ ခြစ် ပြီး စားသင့်ပါတယ်နော်။ အရေပြားယာယံခြင်း၊ ခြင်ကိုက်ခြင်း၊ အရေပြားဆိုင်ရာလတ်တလောဖြစ်ပျက်နေတာ အတွက် ငှက်ပျောခွံကို ဖြစ်တဲ့နေရာမှာ ပွတ်ပေးပါနော်။ သက်သာစေပါတယ်ရှင့်။ကိုယ်ပေါ်မှာ အညိုအမဲစွဲ နေရင်လည်း ငှက်ပျောခွံနဲ့ပွတ်ပေးရင် သက်သာစေပါတယ်။ပြီးတော့ သွားကြားထဲကို မိနစ်အနည်းငယ်လောက် ပွတ်ပေးပါက သွားတွေဖြူလာပါတယ်ရှင့်။ နောက်တစ်နည်းက အရေပြားပေါ်တွင် အသားမာပုံစံ ကြွက်နို့ အတွက်ငှက်ပျောသီးခွံကို ကပ်ပြီးညဘက်အိပ်ပါ မနက်မိုးလင်ရင်တော့ ပြန်ခွာပေးပါ ထူးခြားသွားလိမ့်မယ် နော်။ပျိုမေတို့အတွက်ကတော့ ငှက်ပျောခွံကို မျက်နှာချောမွေ့စေဖို့ ညင်သာစွာပွတ်တိုက်ပေးပါနော်။

ဒါပေမဲ့ ငှက်ပျောသီးက လတ်လတ်ဆက်ဆက်စားထားတဲ့ အခွံဖြစ်နေဖို့လို့ပါတယ်နော်။ဒီလိုနည်းကလည်း ဝက်ခြံ အတွက်လည်းပိုကောင်းစေပါတယ်။

နောက်တစ်ခုထူးခြားတာက ခြေလက်တွေမှာ ဆူးစူးသွားရင်လည်း ငှက် ပျောခွံကပ်ပေးထားရင်အခွံမှာရှိတဲ့ အင်ဇိုင်းဓာတ်တွေက ဆူးကိုဖယ်ထုတ်ပေးပါလိမ့်မယ်။ ငှက်ပျော သီးခွံက ငွေထည်တွေကို တိုက်ပေးပါက ပိုမိုတောက်ပနိုင်ပါတယ်။ငှက်ပျောသီးက ပိုတက်ဆီယမ်ကေ အရမ်း ကြွယ်ဝတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ငှက်ပျောပင်စည်မှာလည်း ဗီတာမင် ဘီ(6) ပိုတက်ဆီယမ်(k) ကြွယ်ဝတဲ့ အတွက် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုပါတယ်။ ရာသီဥတုပူပြင်းတဲ့အတွက် ဆီးပူခြင်း၊ ဆီနီခြင်း၊ ညောင်းကျခြင်း၊ အဆိပ်အတောက်ကင်းစင်စေဖို့ ငှက်ပျောပင်စည်းက ပျေက်ကင်းနိုင်ပါတယ်။ ငှက်ပျောပင်စည် ကိုဖျော်ရည်လုပ်ပြီး တစ်ပတ် တစ်ကြိမ်သောက်ပေးပါက ကျောက်ကပ်ကျောက်တည် ခြင်းတို့အတွက် အထူးစွမ်း တဲ့ဆေးတစ်ခွက်ဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျော့ကျခြင်းတို့ကို အထူးအစွမ်းထက်ပါတယ်။ တစ်ကယ်ကိုယ် အလေးချိန်ကျတဲ့သူတွေ လည်း တကယ်ရှိပါတယ်။ဝမ်းချုပ်လွန်သူများအနေဖြင့် ငှက်ပျောပင်စည်ကိုဖျော်ရည် သောက်ရင် အဆင်ပြေ သွား ပါလိမ့်မယ်နော်။ ငှက်ပျောပင်စည်ဖျော်ရည် ဟာအမျိုးသမီးတွေအတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အဖြူဆင်းတာများခြင်း တို့အတွက်သက်သာစေပါတယ်။ကဲအားလုံးပဲ မလိုဘူးလို့ထင်တဲ့ ငှက်ပျောခွံက ဘယ်လောက်ထိအကျိုးထူး တယ်ဆိုတာကို ဒါကြောင့် ငှက်ပျောသီးစားပြီးရင်တော့ အခွံကိုမလွင့်ပစ်ပါနဲ့နော်။ အားလုံးပဲကျန်းမာပျော်ရွင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source : ငှက်ပျောစီးပွားဖြစ်စိုက်ပျိုးရေး၊

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။