လွယ်ကူပြီး အနံ့မွှေးလှတဲ့ ၀က်လက်ပေါင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ၀က်လက် အစား ၀က်ခြေထောက်ကိုလည်း အသုံးပြုလို့ ရပေမယ့် ၀က်လက်က အသားများပြီး အရသာ ပိုရှိတာမို့ ၀က်လက်ကိုပဲ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ ဖော်ပြပါ ပါ၀င်ပစ္စည်းများအပြင် ကြိုက်နှစ်သက်ရာ အခြားသော အမယ်များကိုလည်း ထပ်မံဖြည့်စွက်ပြီး အသုံးပြုနိုင်ပါတယ်။ 

ပါ၀င်ပစ္စည်းများ

၁။ ၀က်လက် ၅၀ သား (သို ့) ၂ ပေါင်

၂။ ကြက်သွန်ဖြူ ၁ ဥ (ကြက်သွန်ဖြူ ကြိုက်လျှင် ပိုထည့်နိုင်ပါတယ်။ မကြိုက်ဘူးဆိုလည်း အနံ့ မွှေးအောင်တော့ ထည့်သင့်ပါတယ်။)

၃။ သကြား အညို - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၂ ဇွန်း ခွဲ

၄။ ကြာညို ့(ပဲငံပြာရည် အပျစ်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅။ ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ၂ ဇွန်း

၆။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၇။ ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း

၁။ ၀က်လက်များကို သန် ့စင်ထားပါ။ ကြက်သွန်ဖြူဥကို အခွံနွှာပြီး ဓားပြားရိုက်ထားပါ။ (မညက်အောင် ထောင်းပါ။)

၂။ ၀က်လက်စွပ်ပြုတ်လုပ်မည့် အိုးထဲတွင် သကြားများကို ထည့်ပြီးလှော်ပါ။ သကြားများ အရည်ပျော်ပြီး နီညိုရောင် ပြောင်းလာသည်အထိ မွှေပါ။

၃။ ထို့နောက် သန် ့စင်ထားသော ၀က်လက်များကိုထည့်ပါ။ (သကြားများ တူးသွားတတ်တာကြောင့် မီးကို အရမ်းမပြင်းစေရန် သတိပြုပါ။) ၀က်လက်များကို ၂ ဖက်လုံး ညိုလာအောင် သကြားရည်များဖြင့် လုံးပါ။

၄။ ထို ့နောက် ရေကို ၀က်လက်များ မြုပ်ရုံထည့်ပြီး တည်ပါ။ ကြာညို ့(ပဲငံပြာရည်အပျစ်)၊ ပဲငံပြာရည်အကြည်၊ တရုတ်မဆလာ၊ ကြက်သွန်ဖြူကို ထည့်ပြီး မီးအေးအေးဖြင့် ၁ နာရီခန် ့ဝက်သားနူးအောင် တည်ပါ။

၅။ အခြားသော ဟင်းရွက်များ ထည့်မယ်ဆိုလျှင် ဟင်းရွက်များကို သပ်သပ်ပြုတ်ပြီး ဖယ်ထားပါ။ သုံးဆောင်ခါနီးမှ စွပ်ပြုတ်ထဲကို ထည့်ပြီး သုံးဆောင်ပါ။ ထိုနည်းတူပင် ကြက်သွန်မြိတ်များကိုလည်း သုံးဆောင်ခါနီးမှ ထည့်ပါ။

အခုဆိုရင်တော့ အနံ့ အရသာနှင့် ပြည့်စုံလှတဲ့ ၀က်လက်စွပ်ပြုတ် ရပါပြီ။

ချစ်ခင်သူများနှင့် အတူတူ ပျော်ပျော်ရွှင်ရွှင် သုံးဆောင်နိုင်ကြပါစေရှင်။ 

ကိုးကား - အိစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။