မင်းသမီးချောလေးယုသန္တာတင် တစ်ယောက်ကတော့ ခရီးသွားနေရတာကို အရမ်းကိုဝါသနာပါတယ်လို့သိရပါတယ်။ သူမဟာ အမြဲလိုလိုခရီးသွားပြီး ရူခင်းလှလှလေးတွေနောက်ခံထားပြီး လှပတဲ့သူမရဲ့ခရီးသွားအမှတ်တရဓာတ်ပုံလေးတွေကိုလည်း ဖေ့စ်ဘုတ်ပေါ်တင်ပေးလေ့ရှိပါတယ်။

မင်းသမီးလေးယုသန္တာတင်ဟာ Travel Blogger မမေဇွန်နှင့်အတူ ဟောင်ကောင်ခရီးစဉ်ကိုသွားခဲ့ပြီးဖြစ်ပေမယ့် ဘယ်လိုလှပတဲ့အရာတွေကများ မင်းသမီးလေးကိုဆွဲဆောင်မှုတွေပြင်းပြစေခဲ့လဲ မသိပါဘူး။ မင်းသမီးလေးယုသန္တာတင်တစ်ယောက် ရောက်ဖူးနှင့်ပြီးသားဖြစ်တဲ့ ဟောင်ကောင်ကို နောက်တစ်ခါပြန်သွားချင်မိတယ်ဆိုပြီး သူမရဲ့ခရီးသွားပုံလှလှလေးတွေနဲ့အတူ သူမရဲ့ဖေ့စ်ဘုတ်ပေါ် ရေးသားထားပါတယ်။

မင်းသမီးလေးယုသန္တာတင်ရဲ့ ခရီးသွားမြင်ကွင်းသစ်နဲ့လှပတဲ့ပုံလေးတွေကို သူမရဲ့ချစ်ပရိတ်သတ်လေးတွေအတွက်ဝေမျှဖော်ပြပေးလိုက်ပါတယ်နော်။ ခရီးတွေသွားနေရတာကြိုက်တဲ့ မင်းသမီးလေးယုသန္တာတင်တစ်ယောက်လည်း ခရီးတွေမကြာခဏသီားရောက်လည်ပတ်ပြီး ဓာတ်ပုံလှလှလေးတွေကိုလည်း ပရီတ်သတ်တွေဆီ အမြဲဝေမျှပေးနိုင်ပါစေ။

source-Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။