ခွေးလှေးယားပင်ဟာ လူတိုင်းမကိုင်မိအောင်နေကြပါတယ်။ ပင်စည်တွေရော အရွက်၊အသီးတို့တွင်ပါရှိတဲ့ အမွှေးလေးတွေက် အလွန်ယားယံတတ်ပါတယ်နော်။ အဲအမွှေးတွေက အပင်ကြီးသွားတဲ့အခါလုံးဝပျောက် သွားတတ်ပါတယ်။ ရာသီပင်နွယ်အမျိုးအစားဖြစ်ပြီး ၁၅ မီတာခန့်ရှည်လျာပါတယ်။ အာဖရိကနှှင့် အာရှတွင် ပေါက်ရောက်တဲ့အမျိုးအစားဖြစ်ပါတယ်။ အပင်ငယ်စဉ်ကပင် မျက်နှာပြင် တွင်အမွှေးတွေပါရှိပြီး အပွင်းမှာ အဖြူရောင်၊ ခရမ်းရောင်၊ တွေရှိပါတယ်။တိရစ္ဆာန်အစာအဖြစ်အသုံးပြုတဲ့ ခွေးလှေးယားပင်ကို မြေဖုံးပင် အဖြစ်သော်လည်းကောင်း၊ သစ်စိမ်းမြေသြဇာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ တိရစ္ဆာန်တွေအတွက် အာဟာရဓာတ်ပါဝင်မှုက အခြောက်ပင်အတွက် ပရိုတိန်း ၁၁-၁၂ ရာခိုင်နှုန်း အမျှင်ဓာတ် ၃၅ -၄၀ ရာခိုင်နှုန်း တို့ပါဝင်ပါတယ်။ခွေးလှေးယားပင်ဟာ ဗီယက်နမ် နှင့် အာဖရိကတိုက်တို့တွက် ပေါက်ရောက်တဲ့ ပေါင်းမြက်အမျိုးအစားဖြစ်ပါတယ်။ ပွားများစွားပေါက်ရောက်တတ်တဲ့အပင်လည်းမဟုတ်ချေ။

ခွေးလှေယားပင်ရဲ့ အစေ့နှင့် အညွန့်ကို ချက်ပြုတ်စားသောက်နိုင်ပြီး အဆိပ်အတောက်ပြေစေရန် ရေဖြင့် စိမ်ခြင်း၊ ပြုတ်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ပြီးမှ စားသင့်ပါတယ်။အလွန်အကျွံမစားသုံးမိစေရန် သတိပြုစေ ချင်ပါတယ်။လေဖြတ်ခြင်း လေငန်းရောဂါ နှင့် ဦးနှောက်တွင်း ဆဲလ်များအသစ်ပြောင်းလဲခြင်းကိုလုပ်ဆောင် နိုင်တဲ့ အစွမ်းသတိ levodopa ဓာတ်ဟာ အစေ့တွင်ပါဝင်နေပါတယ်။မြွေကိုက်ခံရလျင် အဆိပ်ဖြေစေတဲ့ သတ္တိတွေရှိပါတယ်။မြွေကိုက်ခံရသူများအဖို့ အစေ့ကိုစားပြီးအန်ချစေခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါ တယ်။ ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ထုံကျင်ခြင်း၊ ကိုယ်တခြမ်းသေခြင်း၊ အတွက် အစေ့ကို ခြေပြီး အရေပြားပေါ်တိုက်ရိုက်လိမ်းပေးနိုင်ပါတယ်။တကယ်လို့ ခွေးလှေယားသီး ၊အရွက်ကြောင့် ယားယံလာပါက ယားနေတဲ့နေရာကို မကုတ်ပါနှင့် ၊ ရေနှင့်လည်းမဆေးပါနှင့်၊ ဆေးရွက်ကြီးဖြင့် ပွတ်ပေးပါ ၊သက်သာပါလိမ့် မယ်။

ဒါကြောင့် အပင်တစ်ပင်ဟာ အသီးဖြစ်ဖြစ် အစေ့ဖြစ်ဖြစ် ပင်စည်ဖြစ်ဖြစ် အသုံးဝင်နိုင်ပါတယ်။ အရင်တုန်း ကတော့ ခွေးလှေယားသီးဆိုရင် အနားတောင်မကပ်ရဲပါဘူး။ ကဲအခုဆိုရင် ခွေးလှေးယားသီးက ဘယ်လောက်ထိအကျိုးကျေးဇူးများတယ်ဆိုတာ မိတ်ဆွေတို့သိလောက်ပြီးထင်ပါတယ်နော်။ ဒါကြောင်း ခွေးလှေးယားသီးအကြောင်းကို ဗဟုသုတ ရစေခြင်းငှာ တင်ပြလို်က်ရခြင်းဖြစ်ပါတယ်။ ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာကြပါစေဆုတောင်းပေလိုက်ရပါတယ်နော်။

Source : ဝေယံအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။