မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ဆီမီးဖိုင်နယ်ပထမအကျော့ မှာ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဘရစ္စတိုးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဂူရိုရဲ့ နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။EFL Cup ဒုတိယအကျော့ ကိုတော့ ဇန်နဝါရီ ၂၄ ရက်မှာ ဘရစ္စတိုးအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ နိုင်ပွဲတွေ ဆက်တိုက်ရယူထားနိုင်တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘာနန်ဒိုဆေးဗာလ်း၊ ဆာနေး၊ စတာလင်း၊ ဂန်ဒိုဂမ်၊ ယာယာတိုရေး၊ ဒီဘရိုင်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘရစ္စတိုးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘော်ဘီရိဒ်၊ ပီတာဆန်၊ ဘာယန်၊ စမစ်၊ ဖလင့်၊ ဘာလေဝှိုက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘရစ္စတိုးအသင်းက အရင် ဦးဆောင်ဂိုးရရှိခဲ့တာကြောင့် မန်စီးတီးအသင်းနောက်ကနေဖိအားပေးကစားခဲ့ရပြီး အနိုင်ရလဒ်ရရှိအောင် စွမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရစ္စတိုးအသင်းရဲ့ အဖွင့်ဂိုးကိုတော့ ပထမပိုင်းပြီးခါနီးမှာ ဘော်ဘီရိဒ် က ပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းအတွက် ချေပဂိုးကိုတော့ ၅၅ မိနစ်မှာ ဒီဘရိုင်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမား အဂူရို က မိနစ် ၉၀ မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။