ပြီးခဲ့တဲ့ ဇန်နဝါရီလ(၆)ရက်နေ့ ညပိုင်းအချိန် ထိုုင်းနိုုင်ငံ၊ပတ္တယားမြို့၊အမှတ်(၆)လမ်းရှိ Sky နိုုက်ကလပ် မှာအလုပ်လုပ်နေတဲ့ Bar မယ်တစ်ဦး တိုက်ပေါ်မှပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အသက် (၂၆)နှစ်အရွှယ် Wannipa Janhuathon အမည်ရှိ အဆိုပါ အမျိုးသမီးဟာ ငါးထပ်တိုုက်အမြင့် လသာဆောင် ကနေ ပြုတ်ကျသေဆုံုးခဲ့တာ ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အဆိုပါ သေဆုံးမှုနဲ့ ပတ်သက်နေတဲ့ နိုင်ငံခြားသား တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ 

အသက်(၂၅)နှစ်အရွှယ်၊ Reece Vella အမည်ရှိ အဆိုပါ နိုင်ငံခြားသားဟာ အခင်းဖြစ်ပွားခဲ့တဲ့ ညအစောပိုင်း အချိန်မှာ သေဆုံးသူ အမျိုးသမီးနဲ့ ဘားမှာ တွေ့ဆုံခဲ့ပြီး အရက်အတူသောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ နောက်မှာတော့ သေဆုံးသူအမျိုးသမီးနဲ့ အတူအိပ်ရန် ထိုုင်းဘတ်ငွေ ၁၅၀၀ ပေးပြီး Sky ဘားကနေ သူရဲ့နေ အိမ်တိုက်ခန်းသို့ ခေါ်လာခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။သူတိုု့နှစ်ဦးဟာ တိုက်ခန်းရဲ့အပြင် လသာဆောင်မှာ လိင်ဆက်ဆံ နေရင်း ကောင်းမလေးကအောက်ပြုတ်ကျသွားခဲ့တာဖြစ်တယ်လိုု့ ဘလ်လာက ဝန်ခံခဲ့ပါတယ်။

မှုခင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သေဆုံးသူအမျိုးသမီးဟာ ကာမစိတ်ကြွဆေးတွေသုံုးထားတယ်လို့ သိရပါ တယ်။လက်ရှိမှာတော့ အဆိုပါ လူသေမှု ဖြစ်စဉ်နဲ့ ပတ်သတ်နေတဲ့ နိုင်ငံခြားသားကို ကာမစိတ်ကြွ ဆေး တွေ သုံုးမှု၊ လာသာဆောင်မှာ မဖွယ်မရာ လိင်ဆက်ဆံခဲ့ရာမှ အသက်သေဆုံးရတဲ့အထိ ကာမ ဆက်ဆံမှုဖြင့် တည်ဆဲ ဥပဒေအရ တရားစွဲဆိုထားတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။ တရားခံဖြစ်သူ နိုင်ငံခြားသားဟာ လွန်ခဲ့တဲ့ သုံုးလခန့်ကတည်းက ထိုုင်းနိုုင်ငံကိုု လာရောက်လည်ပတ်နေခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ 

Source - One Pattaya News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။