ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်၌ ဇန်နဝါရီ ၇ ရက်က ဖြစ်ပွားခဲ့သည့် ငမိုးရိပ်ချောင်းအတွင်းသို့ အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ထိုးကျမှုဖြစ်စဉ်မှ ပျောက်ဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းအား ဇန်နဝါရီ ၉ ရက်က တွေ့ရှိခဲ့ကြောင်း မြောက်ဒဂုံ မီးသတ်စခန်း တာဝန်ခံ ဒုဦးစီးမှူး ဦးထိန်လင်း၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းအား ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁၂ ခွဲတွင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။၊ တွေ့ရှိသည့် နေရာမှ မြောက်ဥက္ကလာအဝိုင်းနှင့် ကိုးဘွဲ့ရသို့ ထိုးထားသည့် ခေမာသီတံတား အနီးတွင် တွေ့ရှိခဲ့တာဖြစ်ပြီး၊ ရုပ်အလောင်းအား မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ အလောင်းကို ၁၂ နာရီ ခွဲက တွေ့ပါတယ်။ မြောက်ဥက္ကလာဆေးရုံသို့ ပို့လိုက်ပါတယ်။ အလောင်းကို ၁၂ နာရီခွဲမှာ သယ်ပြီးတော့ ၁၂ နာရီ မိနစ် ၄၀ မှာ မြောက်ဥက္ကလာ ဆေးရုံသို့ ပို့လိုက်ပါတယ်” ဟု မြောက်ဒဂုံ မီးသတ်စခန်းတာဝန်ခံ ဒုဦးစီးမှူး ဦးထိန်လင်းက ပြောပြခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက် နံနက် ၄ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ် (၃၃) ရပ်ကွက် ဆရာစံလမ်းအတိုင်း မောင်းနှင်လာသော ဟွန်ဒါဖစ် အမျိုးအစား ခဲရောင်ယာဉ် တစ်စီးသည် အရှိန်လွန်မောင်းနှင်ရာမှ ငါးမာန်အောင်ဘုရား လမ်းဆုံအရောက်တွင် ငမိုးရိပ်ချောင်း အတွင်းသို့ ထိုးကျနစ်မြုပ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ယာဉ်ပေါ်တွင် ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် လိုက်ပါစီးနင်းသူ အမျိုးသားတစ်ဦးတို့ ပါရှိကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးအား ငမိုးရိပ်ချောင်းအတွင်း ငါးဖမ်းနေသည့်လှေမှ ကယ်ဆယ်ခဲ့သဖြင့် အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း သိရပြီး အသက်ရှင် လွတ်မြောက်လာသူမှာ ယာဉ်မောင်းဖြစ်ကြောင်း သိရပါတယ်။အခင်းဖြစ်ပွားရာနေရာသို့ ဒဂုံမြို့သစ် အရှေ့ပိုင်း မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ တာမွေမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ Ambulance ယာဉ်တစ်စီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ မီးသတ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ မီးသတ် အသက်ကယ်လှေ တစ်စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ နစ်မြုပ်သွားသည့်ယာဉ်အား ဆယ်ယူနိုင်ခဲ့ကြောင်း သိရတယ်။

Source - ELeven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။