ကမ္ဘာကျော် သြစတြေးလျမင်းသမီး နီကိုးလ်ကစ်ဒ်မန်းဟာ (၇၅) ကြိမ်မြောက် ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရုပ်ရှင်ဇာတ်လမ်းတွဲများအတွက် အကောင်းဆုံး မင်းသမီးဆု ချီးမြှင့်ခံခဲ့ရပါတယ်။

အသက် (၅၀) အရွယ် နီကိုးလ်ကစ်ဒ်မန်း ဟာ ဇန်နဝါရီ ရ ရက်က ကျင်းပတဲ့ Golden Globe ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Big Little Lies ရုပ်သံဇာတ်လမ်း တွဲဖြင့် ယခုနှစ်အတွင်း ‘Best Actress in a limited series’ ဆု ကို ဆွတ်ခူးခဲ့ပြီး ‘Best Actor in a limited series’ ဆုကို Fadgo ရုပ် သံဇာတ်လမ်းတွဲဖြင့် မင်းသားအီ ဝမ်မက်ဂျော်ဂျာက ဆွတ်ခူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရွှေကမ္ဘာလုံးဆုကို လက်ခံရယူချိန်မှာ နီကိုးကစ်ဒ်မန်းက ‘‘ဒီနေ့ ကျွန်မဒီနေရာမှာ ရပ်တည်နိုင်တာ က အမေ့ကြောင့်ပါ။ ကျွန်မရဲ့ အောင်မြင်မှုတွေက အမေ့ရဲ့ အောင်မြင်မှုတွေပါပဲ’’ ဟု ပြောကြားခဲ့ပါတယ်။

အဆိုပါဆုပေးပွဲမှာ အမေရိကန်မင်းသား ဂျိမ်းဖရန်ကိုက The Disaster Artist ဇာတ်ကား ဖြင့် အကောင်းဆုံးမင်းသားဆု ‘Best Actor in a Motion Picture’ ရရှိပြီး ‘Best Actress in a Motion Picture’ ဆုကို Lady Bird ဇာတ်ကားဖြင့် မင်းသမီး ဆီရိုရှာရိုနန်က ရရှိခဲ့ပါတယ်။

ဒါ့ပြင် ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ အနုပညာထူးချွန်ဆု တစ်ခုဖြစ်သော Cecil B. DeMille Lifetime Achievement Award တစ်သက်သာ ထူးချွန်ဆု ကို

မင်းသမီး၊ အစီအစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးက ရရှိခဲ့ပြီး အဆိုပါဆု ချီးမြှင့်ခံခဲ့ရ သော ပထမဆုံး လူမည်းအမျိုး သမီးလည်းဖြစ်ပါတယ်။ 

နီကိုးလ် ကစ်ဒ်မန် ဟာ ဟောလိ၀ုဒ်လောကမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့တဲ့ ၀ါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ 

Source :7Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။