လတ်တလော လူမှုကွန်ယက်ကြား ရေပန်းစားနေတဲ့ M4L F4M!1Y ဟက်အဖွဲ့ကတော့ ရုပ်ရှင် သရုပ်ဆောင် မင်းသား ဇေရဲထက်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်..။

ဇန်နဝါရီ(၉)ရက်နေ့ (မနေ့) မနက်ပိုင်းက ထိန်းချုပ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာကာ မကြာခင် အကောင့် ပြန်ပေးမှာ ဖြစ်ပြီး ဘာမှ စိတ်မပူဖို့လည်း ပြောထားပါသေးတယ်..။

အခုလို အကောင့်ဟက်လိုက်တဲ့အတွက်လည်း ဇေရဲထက်ရဲ့ Fan တွေနဲ့ မိတ်ဆွေသူငယ်ချင်းများကို ဖောင်းမထုဖို့၊ မဆဲဖို့နဲ့ ပွဲမဆူဖို့ကိုလည်း ပြောထားပြီး ပွဲဆူရင်တော့ အကောင့်ကို Deactivate လုပ်ခဲ့မယ်ဆိုပြီး သတိပေးပြောကြားထားတာ တွေ့ရပါတယ်..။

ဇန်နဝါရီ(၉)ရက်နေ့ (မနေ့) မနက်ပိုင်းက ထိန်းချုပ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာကာ မကြာခင် အကောင့် ပြန်ပေးမှာ ဖြစ်ပြီး ဘာမှ စိတ်မပူဖို့လည်း ပြောထားပါသေးတယ်..။

M4L အဖွဲ့ အနေနဲ့ အခုလို အကောင့်တွေ ဟက်ရတာဟာ အကောင့်ပိုင်ရှင်တွေရဲ့ အားနည်းချက်တွေနဲ့ ဟာကွက်တွေကိုသာ ထောက်ပြတာဖြစ်ပြီး ဘာဒုက္ခမှ ပေးလိုစိတ်မရှိဘဲ သင်ခန်းစာအနေနဲ့ ကြိုတင်ကာကွယ်ပေးတဲ့ သဘောပါသာ ဖြစ်ကြောင်း M4L က ပြောထားပါတယ်..။

M4L ဟက်ကာ အဖွဲ့မှ အကောင့် ထိန်းချုပ်ထားခြင်းအပေါ် မင်းသားဇေရဲထက်ကတော့ တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားထားခြင်းတော့ မရှိသေးပါဘူး..။

ယနေ့ ဇန်နဝါရီ(၁၀)ရက်နေ့မှာတော့ မင်းသား ဇေရဲထက်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှ တစ်ဆင့် M4L အဖွဲ့က အကောင့် ထိန်းချုပ်ထားရတဲ့ အကြောင်းအရင်းကို ရေးသား ပြောပြထားတာ တွေ့ရပါတယ်..။

မင်းသား ဇေရဲထက်ကတော့ M4L ဟက်ကာ အဖွဲ့မှ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့် ထိန်းချုပ်ထားရခြင်းအပေါ် တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားထားခြင်းတော့ မရှိသေးပါဘူး..။

“ကိုယ်သုံးပြုနေတဲ့ Fb အကောင့်မှာ ဘယ်လို ဟာကွက်တွေရှိနေလဲ ဘယ်လိုယိုပေါက်တွေရှိနေလဲဆိုတာ သတိမထားမိဘူး ထိန်းသိမ်းမူမရှိရင် မနာလိုသူ တစ်ယောက်ယောက်က

ဒီလို ဟာကွပ်ကိုကြည့်ပြီ အနိုင်ယူရင် ဒုက္ခ လှလှရောက်သွားနိုင်တယ်.. ဒါကျွန်တော် ဥပမာပြောပြတာနော်

ကျွန်တော်အနေနဲ့ ဒီလိုထိန်းသိမ်းရခြင်းအကြောင်းရင်းကတော့ အပေါ်ကပြောခဲ့သလို မဖြစ်လာစေဖ့ို သင်ခန်းစားတစ်ခုအနေနဲ့ ကြိုတင်ကာကွယ်ပေးတဲ့သဘောပါ ကျွန်တော်တိူ့

Bro ဇေရဲထက်ကို ဘာဒုက္ခမှမပေးပါဘူး လိုအပ်နေတာလေးတွေ ထောက်ပြပေးတဲ့သဘောပါ တစ်ချို့ ကိုယ်သတိမထားမိတဲ့ အသေးမွှားကိစ္စလေးတွေဟာ မမျှော်လင့်ပဲ အကြီးမားဆုံး ပြသနာ တစ်ခုဖြစ်လာနိုင်တယ်.. နောက်ဆို သတိထားပေါ့ဗျာ နာမည်ကြီး သရုပ်ဆောင်

မင်းသားတစ်ယောက်ဖြစ်နေပြီ မဟုတ်လား.. ကိုယ်ကို ချစ်တဲ့သူရှိသလို

မုန်းတဲ့ရန်သူတွေလဲရှိမယ် ကိုယ်ကိုမလိုအပ်တဲ့ လူတစ်ယောက်က အခုလိုမျိုး သတိမထားမိတဲ့ ဟာကွက်တွေနဲ အပိုင်ကိုင်ပြီး တိုက်ခိုက်ဖျက်ဆီးပြစ်လိုရတယ်.. ကျွန်တော်တို့ကတော့ ဒုက္ခ ပေးဖိုမဟုတ်ပါ ပညာပေးတာပါ..

ဒီတစ်ခါ ငါဒီလိုဖြစ်ခဲ့ရင် နောင်ဒီထက်ဆိုးဆိုးရွားရွား မဖြစ်အောင် သတိပြုလို့ ရသွားတာပေါ့ဗျာ ကျေးဇူးပြုပြီး ဇေရဲထက် Fri တေ ွအနေနဲ့ ကျွန်တော်တို့ M4L ကို မဆဲပါနဲ ဖောင်းမထုပါနဲ ဆဲနေလို ပြန်ရနိုင်မှာ မဟုတ်တာ ပိုမိုဆိုးရွားလာနိုင်တယ်.. အာတော့ ကိုယ်ဖက်ကနေ မိမိ အကောင့်မိမိပြန်မယူနိုင်ရင် ပြန်ပေး မဲ့ M4L ကို မေတ္တာတရား အရှေ့ထားပြီ စောင့်ပေးပါ ပိုင်ရှင်လက်ထဲ အရောက်ပြန်ပေးပါမယ် လောလောဆယ်မှာတော့ ကျွန်တော် Bro ဇေရဲထက် Fb အကောင့်ကို ထိန်းသိမ်းထားပါမယ်.. လိုအပ်နေတဲ့ Security လေးတွေ မြင်ပေးထားပါတယ် ဘာမှမစိုးရိမ်ကြပါနဲ့ ခင်ဗျား..” ဆိုပြီး Wall Post မှာ ရေးသားထားတာ ဖြစ်ပါတယ်..။

Source - ဇေရဲထက် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။