နာမည်ကျော် မင်းသား မင်းသမီးတွေ ပါဝင်ထားတဲ့ "လူကြီးလူကောင်း "ရုပ်ရှင် ဇာတ်ကားကြီး ကန်တော့ပွဲ အခမ်းအနားကို ဇန်နဝါရီလ(၉)ရက်နေ့က တော်ဝင်ဂါးလ်ဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ ရုပ်ရှင်သရုပ်ဆောင်များရဲ့ တစ်ဦးချင်း ပြောစကားများကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ 

ဒါရိုက်တာပြည်သိန်းသီဟ

ဒီဇာတ်ကားကြီးရဲ့ ထူးခြားချက်ကတော့ ပါဝင်တဲ့မင်းသားလေးယောက်စလုံုးဟာ ပါဝင်တဲ့ ဇာတ်ကားအခန်းတွေဟာ အတူတူပဲမျှပါတယ်။ ဘယ်မင်းသားမှ ဇာတ်ကား တစ်ခန်း ပိုမသွားပါဘူး၊ မင်းသမီး လေးယောက်စလုံး ပါဝင်တဲ့ Scence ဟာလည်း အတူတူပဲဖြစ်ပြီး ပိုသွားးတဲ့ Scenceဆိုတာမရှိဘူး။

လူမင်း

အဓိကကတော့ ဒီဇာတ်ကားဟာ အများပိုင် ကုမ္ပဏီအတွက် ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်မယ့် မင်းသား(၄)ယောက်စလုံးကလည်း အများပိုင်ကုမ္ပဏီကြီးစတင်ထူထောင်ကတည်းက ပါဝင်ထားတဲ့ ရှယ်ယာရှင် တွေဖြစ်ပါတယ်။ဒါ့ကြောင့် ဒီလိုအများပိုင် ကုပ္မဏီကြီးကို ပံ့ပိုးတဲ့ အနေနဲ့ ရိုက်ကူးမယ့်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ 

လွင်မိုး

အဓိက ကတော့ မြန်မာ့ရုပ်ရှင်ကို လူတွေပိုပြီးတော့ စိတ်ဝင်စားအောင်လုပ်တဲ့သဘောပါ။ ဒီ MMPT ကလည်း အများပိုင်ဆိုတော့ ရုပ်ရှင်လောကသား တွေ ၄၀၀ ကျော်လောက်ရှိတယ်။ ဒီဟာက ပရိသတ်ကိုဆွဲဆောင်လိုက်တဲ့သဘောပါ။ ပြီးတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ ညီညီညွှတ်ညွှတ် ရှိကြတယ်ဆိုတာ၊ ပြီးတော့ အရှိန်အဟုန်ကောင်းတဲ့ အလားအလာတစ်ခုဖြစ်သွားအောင် ဝိုင်းဝန်ပြီး ပံ့ပိုးတာဖြစ်ပါတယ်။

ပြေတီဦး

ကျွန်တော်က နည်းနည်း ငဘတ်ပေါ့၊ ဘတ်ကီး ဒီဇာတ်ကားကတော့ ဟာသကိုပဲ အဓိကထားပြီးတော့ ရိုက်မှာပါ။ အဓိက ကတော့ မကြီးစိုးနဲ့ ကျွန်တော်တို့မင်းသား ၄ ယောက်နဲ့ အစာမကြေတဲ့ ပြဿနာလေးတွေရှိတာပေါ့။ အဲ့ဒီအပေါ်မှာ မကြီးက ပြန်ပြီးတော့ Lesson ပြန်ပေးတဲ့ သဘောပါ။ 

လူကြီးလူကောင်း ရုပ်ရှင် ဇာတ်ကားကြီးကို The Eyes ရုပ်ရှင် ထုတ်လုပ်ရေးမှ ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်ပြည်သိန်းသီဟက ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီလူမင်း၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ ရွှေအိမ်စည်၊ ယွန်းဝင့်လွှာအောင်၊ စပ်ယွန်းဝတီဦး တို့က အဓိက ပါဝင်သရုပ်ဆောင် သွား မယ် လို့ သိရပါတယ်။

Source: Duwun Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။