သရုပ်ဆောင်ဆုအိမ့်စံတစ်ယောက် သူမရဲ့ Facebook Account ပြန်ရပြီး ချစ်စဖွယ်ပုံလေးတွေ ကို တင်ထားပါတယ်။ မနေ့က 9.1.2018 မှာ သူမရဲ့ Facebook ကို M4L အဖွဲ့က Hack သွားခဲ့ပြီး ဒီနေ့မှာတော့ ပြန်လည်ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ M4L အဖွဲ့ဟာဆိုရင် အနုပညာသမားတွေနဲ့ မီဒီယာ Page တွေကို တိုက်ခိုက်ဖို့အတွက်ဖွဲ့စည်းထားတာဖြစ်ပါ တယ်။ အနုပညာသမားတွေရဲ့ Facebook တွေကို တိုက်ခိုက်ရာမှာ ဆုအိမ့်စံက တတိယ မြောက်ဖြစ်ပါတယ်။ သူမကိုတော့ အချိန်သိပ်မကြာခင်မှာပဲ အကောင့်ပြန်လည်ပေးအပ်ခဲ့ပါ တယ်။

သူမကအောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး သူမရဲ့ချစ်သူကလည်း စိန်ဘယက်ဆေး တိုက်ရဲ့ မျိုးဆက်သစ်လေးလည်းဖြစ်ဖြစ် အနုပညာရှင်တစ်ဦးလည်းဖြစ်တဲ့ သူရိယပဲဖြစ်ပါ တယ်။ နှစ်ယောက်သားက တစ်ယောက်ကိုယ်တစ်ယောက် အပြန်အလှန်အရမ်းကို ချစ်ခင် ကြပြီး ဂရုစိုက်ကြတဲ့ ပုံလေးတွေကြောင့် ပရိတ်သတ်တွေက အားကျတဲ့စုံတွဲတွေထဲက တစ်ခု အပါအဝင်ပါပဲ။ နှစ်ယောက်လုံးကအရမ်းကိုလိုက်ဖက်ပြီး ကြည့်ကောင်းလွန်းပါတယ်။ အတူတူလက်တွဲခဲ့တဲ့ ချစ်သက်တမ်းဟာလည်း အခုဆိုရင်တစ်နှစ်ကျော်ကာလကိုရောက်ခဲ့ ပြီပဲဖြစ်ပါတယ်။

ဆုအိမ့်စံက သူမရဲ့ Facebook မှာ မန္တလေး နတ်ရေကန်မှာ အခုအကောင့်ပြန်ရသွားပါပြီ သူတို့ပြန်ပေးတာပါ အားလုံးကိုကျေးဇူးတင်ပါတယ် အားလုံးအေးဆေးဖြစ်သွားပါပြီ ဆိုပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ထားတာဖြစ်ပါတယ်။ မြန်မာဆန်ဆန်လေးနဲ့ ရိုးရိုး ယဉ်ယဉ်လေးလှလွန်းနေတဲ့ ဆုဆုရဲ့မန္တလေးနတ်ရေကန်ရောက် ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Hse Eaint San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။