ပရိတ်သတ်ကြီးရေ မြန်မာတို့ရဲ့ ဂန္တဝင်အဆိုတော်ကြီး တွံတေးသိန်းတန်ကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ သူရဲ့အောင်မြင်လှတဲ့ သီချင်းလေးတွေကို ပရိတ်သတ်ကြီးငယ်ရွယ်စဉ်အခါက နားထောင်ခဲ့ဖူးကြမယ်လို့ထင်ပါတယ်။ သူ့ခေတ်သူ့အခါက အောင်မြင်မှုတွေများစွာ ရယူနိုင်ခဲ့တဲ့ အဆိုတော်ကြီး တွံတေးသိန်းတန်ကိုတော့ နှလုံးသားထဲမှာ အမြဲမှတ်မိနေတဲ့သူတွေ များစွာရှိနေကြဦးမယ်လို့လဲထင်ပါတယ်။ 

တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာ အညှာတစ်ခု ၊ဖိုးလမင်းကိုအောင်သွယ်ခိုင်းမယ် ၊ပျင်းတောင်ပျင်းသေးတယ် ၊အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ ၊ စိမ်းသရဖူစိမ်း စတဲ့သီချင်းလေးတွေကိုလဲပရိတ်သတ်တွေ မှတ်မိကြဦးမယ်လို့လဲထင်ပါတယ်။ ငယ်ငယ်က အမြဲကြားခဲ့ရတဲ့ “ခေါင်းလောင်းသံတညံညံပေးတဲ့ ရွာကျောင်းကိုပြေးမြင်မိရင် သတိရနေတယ်သူငယ်ချင်းရေ “ ဆိုတဲ့သီချင်းသံစဉ်အစလေးကိုလဲ ပြန်လည်အမှတ်ရနေသေးတဲ့ပရိတ်သတ်တွေ များစွာရှိနေကြသေးတယ်မလား။ အဆိုတော်ကြီးတွံတေးသိန်းတန်ကတော့ လူ့လောကကြီးကိုနှုတ်ဆက်ထွက်ခွာ ကြာမြင့်ပီဖြစ်ပေမယ့်လည်း သူ့ရဲ့သီချင်းလေးတွေကတော့ ပရိတ်သတ်ကြီးတွေရဲ့ နှလုံးသားထဲမှာစွဲကျန်ရစ်နေဦးမယ်လို့ထင်မြင်မိပါတယ်။

ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ၊ရှမ်းစုကြီးကျေးရွာတွင် မြန်မာသမားတော်ကြီး ဦးဖိုးဦးနဲ့ ဒေါ်ညိုတို့က ၁၉၄၁ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် ဖွာမြင်ခဲ့တဲ့ ဂန္တဝင်အဆိုတော်ကြီး တွံတေးသိန်းတန်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပုံတူကြေးရုပ်ထုကို တွံတေးမြို့အဝင်ရှိ ရွှေဆံတော်စေတီနားတွင် ၂၀၁၈ နှစ်ဆန်းပိုင်းတွင် ထားရှိနိုင်ရန် ကြိုးစားနေပါတယ်လို့ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင့် ရဲ့ပြောကြားချက်အရသိရှိရပါတယ်။ အဆိုပါပုံတူကြေးရုပ် ကုန်ကျစရိတ်ကိုတော့ သူ့ရဲ့မိသားစုဝင်တွေက ကုန်ကျခံသွားမယ်လို့လဲသိရှိရပါတယ်။ ၁၉၉၉ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ အဆိုတော်ကြီးတွံတေးသိန်းတန်ကို ပြန်လည်တမ်းတအမှတ်ရတဲ့အနေနဲ့ ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 

source - ဒိန္ခ်ဥ္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။