တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား အားကစားသမားတွေကို စေလွှတ်ယှဉ်ပြိုင်စေဖို့ မြောက်ကိုရီးယားဘက်က ဒီကနေ့မှာ သဘောတူညီလိုက်ပါတယ်။

ဒါဟာ ပြီးခဲဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း နှစ်နိုင်ငံ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ကာ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် တောင်ကိုရီးယား အိုလံပစ်အားကစားပြိုင်ပွဲမှာ မြောက်ကိုရီးယား အားကစားသမားတွေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲကို တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား နှစ်ဖက် အပစ်အခတ် ရပ်စဲထားတဲ့ နယ်စပ်ရွာ ပန်မွန်ဂျုံမှာ ကျင်းပခဲ့တာဖြစ်ပြီး နှစ်နိုင်ငံမှ အကြီးတန်းအရာရှိ ၅ ဦးစီ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် နျူကလီးယားလက်နက်တွေ တိုးအောင်လုပ်ဆောင်မှုနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတဲ့ မြောက်ကိုရီးယားကြောင့် ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေ လျော့ကျဖို့ လိုလားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ 

လက်ရှိသဘောတူညီမှုနဲ့ ပတ်သက်ပြီး သတင်းသမားတွေ၊ တိုက်ကွမ်ဒိုအသင်းတွေနဲ့ တခြား အနုပညာရှင်တွေကို စေလွှတ်မလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

source - Dvb tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။