မြန်မာနိုင်ငံရဲ့ နာမည်ကျော် ဆိုင်းဝိုင်းတွေထဲကတစ်ခုဖြစ်တဲ့ စိန်ဒူးဝါးဆိုင်းကို ပရိသတ်များကြိုက်မယ်ထင်ပါတယ်။ မြန်မာပြည် အောက်ပိုင်းနဲ့ အထက်ပိုင်းမှာတော့ ပြိုင်ဆိုင်ရှားသူတစ်ဦးလည်းဖြစ်ပါတယ်။ အလွတ်ဆိုင်းတစ်ခုဖြစ်တဲ့အပြင် လူရွှင်တော်တွေနဲ့ ဆိုင်းဆရာရဲ့ အတိုင်အပေါက်တွေညီမှုကြောင့် ပရိသတ်များ ပိုမိုသတိထားမိမှာဖြစ်ပါတယ်။ စိန်ဒူးဝါးဆိုင်းအဖွဲ့လှူတဲ့အလှူကတော့ ကျေးလက်ဒေသမှာ စာသင်ကျောင်းဆောက်လုပ်လှူဒါန်းခြင်းပဲဖြစ်ပါတယ်။ 

စိန်ဒူးဝါးကတော့ သူအလှူနဲ့ပတ်သက်ပြီးတော့ "ဒီနေ့ ကျနော့်ဆိုင်းအဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးဖြစ်တယ် ဖျာပုံမြို့နယ် တောရွာလေး တစ်ရွာမှာ ကလေးတွေ စာသင်မှုအတွက် စာသင်ကျောင်းဆောင်လေး တစ်ဆောင် လိုအပ်နေတာကို ဆရာတော် တစ်ပါးမှ ရန်ကုန်က ကျနော့် တူမလေး သင်းသင်းဦးကို အကူညီတောင်းလို့ သင်းသင်းဦးမှ တဆင့် ကျနော့်ထံစာသင် ကျောင်းဆောင် တစ်ဆောင် ဆောက်ပေးရန် ပြောကြားသဖြင့် ကျနော်က ကလေးတွေ အနာဂတ် အခက်ခဲမရှိပဲ စာသင်ကြားနိုင်ရေးအတွက် ဆောက်ပေးမယ်လို့ ဂတိပေးလိုက်တယ်။ ကုန်ကျငွေ အုပ်တိုက်လေး ၁၅ ပေ ၄ ခန်းစာ အတွက် သိန်း ၆၀ ကုန်ကျမှာဖြစ်လို့ ကုန်ချင်ကုန်ပလေ့စေ လေးလေး ဆောက်ပေးမယ်လို့ ဂတိပေးလိုက်တယ်။

ဒါကို ကျနော့်အဖွဲ့တွေက သူတို့လည်း သူတို့လုပ်အားခထဲက တတ်နိုင်သလောက် ကုသိုလ်ယူပါရစေ ဆို၍ လက်ခံလိုက်တယ်။ ကျနော် တစ်ကယ် အံဩမိတယ် ကျနော့်အဖွဲ့တွေက ခေါင်းဆောင်လုပ်တဲ့ ကျနော့်ကို ပြစ်မထားပဲ ဝိုင်းဝန်း ပံ့ပိုး မယ်တဲ့ဗျာ။ မင်းတို့ လှူတဲ့ငွေ ဘယ်လောက်ရရ ကျန်တာ အကုန်လုံး အကို စိုက်မယ် ဆိုတော့ ကလေးတွေက ပျော်လိုက်ကြတာ။ ဒီထဲ လှဟန်က တစ်သိန်း ဘဲဘဲက တစ်သိန်း ဦးစွာ လှူလိုက်တော့ သာဓု ဦးစွာ ခေါ်ရပြီပေါ့။ ကျနော် လက်အနာခံပီး စီးပွားရှာနေတာ လိုအပ်တဲ့နေရာ လေးတွေကို တတ်နိုင်သလောက် လှူဖို့တန်းဖို့ ပရဟိတတွေလုပ်ဖို့လည်း ပါပါတယ်" ဟူ၍ရေးသားဖော်ပြထားပါတယ်။

တကယ်မွန်မြတ်တဲ့ စိတ်ဓာတ်လေးတွေလည်းဖြစ်ပါတယ်။ ပရိသတ်များကို ပျော်ရွှင်အောင်လုပ်ဆောင်ပေးတဲ့အပြင် ရလာတဲ့ ငွေကြေးကို လည်း ပရိဟိတအဖြစ်လှူပေးခြင်းဟာ တကယ်မြင့်မြတ်သော အလှူပဲဖြစ်ပါတယ်။ ပရိသတ်များရဲ့အလှူလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် အလွန်မြတ်တဲ့အလှူကို မျှဝေပေးလိုက်ပါတယ်။

Source - ဘဲတော

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။