ယနေ့ည ၂ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ EFL Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ အာဆင်နယ်အသင်းကို လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ဒုတိယအကျော့ကိုတော့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းသွားရောက် ကစားရမှာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တတ်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့ ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၂ ပွဲနိုင် ၃ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲသရေ ၁ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ အာဆင်နယ်အသင်းက ၂ ပွဲအနိုင်ရရှိထားပြီး ချဲလ်ဆီးအသင်းက ၁ ပွဲအနိုင်ရရှိထားကာ ၂ ပွဲသရေ ကျထားတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ဝီလီယံ၊ ပတ်ဒရို၊ ဟာဇတ်၊ မော့ဆက်၊ ကန်တေ၊ ဖာဘရီဂတ်၊ အလွန်ဆို တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အိုဇေလ်း၊ ဆန်းချက်၊ လာကာဇတ်၊ ဘယ်လာရင်၊ ဇာခါ၊ ဝီရှိုင်းယား၊ နေလ်း တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။လန်ဒန်ဒါဘီဖြစ်တာနဲ့ အညီ ပွဲကတော့ အကြိတ်အနယ် ရှိမှာ အသေအချာပါပဲ။ဘယ်အသင်းအနိုင်ရယူသွားနိုင်မှာလဲ ဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။