ပရိသတ်အချစ်တော်ပိုးအိအိခန့်ကတော ့သူမရဲ့ရင်တွင်းခံစားချက်တွေကို သူမရဲ့ဖေ့ဘုတ်မှာ မျှဝေခဲ့ပါတယ်။သူမကတော့ ခံစားချက်တွေကို စီကုံးရေးသားပြီး လှပတဲ့ဓာတ်ပုံလေးတစ်ပုံနဲ့ရေးသားခဲ့တာပါ။သူမရဲ့ဖေစ်ဘုတ်မှာအခုလိုပဲရေးသားခဲ့ပါတယ်

"သင့်ကိုယ်သင် မှန်နေပြီလို့ သင်ထင်ပါသလား??????

တစ်စုံတစ်ယောက်ကို သင့်

အတ္တကြောင့် လိမ်ညာပြီး

နာကျင်အောင် လုပ်ခဲ့ဖူးတယ်မှတ်လား

ဒါတောင် သင်က ကိုယ့်ကိုကိုယ် မှန်တယ် ပြောနေတုန်းလား

သူတစ်ပါးကို လိမ်ညာ မလှိမ့်တပတ်လုပ်

အဲ့လိုတွေ လိမ်ညာနေတာတောင်

ကိုယ့်ကိုကိုယ် ငါမှန်ပါတယ် ဆိုပြီး ခေါင်းမော့ ရင်ကော့ကာ နေနိုင်သေးတာလားကွယ်

လိမ်ပါ ရတယ် လိမ်လို့ရတယ်

ဒါပေမယ့် သူတစ်ပါးထိခိုက် နစ်နာအောင်တော့

ဘယ်တော့မှမလိမ်မိပါစေနဲ့

အထူးသဖြင့် ကိုယ်လိမ်လိုက်တဲ့သူက

ရိုးသားတဲ့သူတစ်ယောက်

တစ်နည်းအားဖြင့် ကိုယ့်အပေါ် ယုံကြည်မှု အပြည့်အဝပေးထားတဲ့ သူတစ်ယောက်ကို သင်လိမ်တယ်ဆိုရင်တော့ သင်ဟာ

သိပ်ကို ရက်စက်တဲ့ သူတစ်ယောက်လို့ ပြောပါရစေ........

တစ်ခုတော့ ပြောလိုက်မယ် .........

ကိုယ်လိုတာ ရနိုင်ဖို့ သူများရင်ကို မခွဲပါနဲ့

ဝဋ်ဆိုတာ ကမ္ဘာကြီးလိုပဲ လည်နေတယ်ဆိုတာ မသိတာလား

မဖြစ်သေးလို့ အဲ့ဝဋ်ကို စောင့်နေတာလား

ဆုတောင်းပေးလိုက်ပါတယ်

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

ကျွန်မလည်း ဒီနေ့ကစ

သူများကိစ္စဘယ်သောအခါမှ

ရင်နာလို့လည်း ဝင်မပါတော့ပါ ဘုရား........

တရားသူဘက်လည်း မပါ မတရားသူဘက်လည်း မပါ

လက်ပိုက်ကြည့်ရုံမျှသာ........

ဝဋ်ကြွေးဆိုတာလည်း ကိုယ်ဝင်ချွတ်ပေးလို့မှ မရတာ

သူကိုယ်တိုင် ရုန်းထွက်ချင်ဦးမှလေ ........

အဲ့သဘောလေးတော့ သိသွားတာ သင်ခန်းစာရတာပေါ့....

source - poe ei ei khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။