သန်လျင်အခြေစိုက်စီးတီးစတားသန်လျင်အခြေစိုက်

ပရိုဖက်ရှင်နယ်ဘောလုံးအသင်းတစ်သင်းပါ။MNL-2မှာ

ဝင်ရောက်ယှဉ်ပြိုင်နေပြီးလာမယ့်ရာသီမှာMNL-1ကိုတန်း

တက်ခွင့်ရဖို့ကြိုးစားနေတဲ့အသင်းတစ်သင်းပါ။နိုင်ငံခြားသား

ကစားသမားတွေကိုခေါ်ယူထားသလိုခြေစွမ်းကောင်း

မွန်တဲ့မြန်မာပလေယာတွေလည်းရှိနေတဲ့အသင်းကောင်း

တစ်သင်းပါ။ဒါ့အပြင်အသင်းပိုင်ရှင်တွေကသန်လျင်စီးတီး

စတားအုပ်စုဖြစ်တာကြောင့်ငွေရေးကြေးရေးတောင့်တင်းတဲ့

အသင်းတစ်သင်းပါ။

နည်းပြချုပ်အဖြစ်အသင်းစထောင်ကတည်းကတာဝန်ယူ

ခဲ့တဲ့ဝါရင့်နည်းပြဦးအေးကြူကြီးကိုခန့်အပ်ထားပါတယ်။

ဒါ့အပြင်အသင်းမှာအရေးကြီးဆုံးအရာဖြစ်တဲ့ကစားသမားတွေရဲ့သက်လုံကောင်းမွန်စေဖို့အတွက်နိုင်ငံခြားသားကြံခိုင်ရေး

နည်းပြမစ္စတာပီတာကိုခန့်အပ်ထားတာကိုတွေ့ရပါတယ်။

မစ္စတာပီတာဟာကြံခိုင်ရေးနည်းပြသာမကအသင်းရဲ့လက်ထောက်နည်းပြရာထူးကိုပါပူးတွဲတာဝန်ယူမှာပါ။နေရှင်နယ်လိဂ်-2ကလပ်တွေထဲမှာတကယ်ကိုပြင်ဆင်မှုကောင်း

တယ်လို့သတ်မှတ်လို့တဲ့စီးတီးစတားရဲ့မျှော်မှန်းချက်က

ဒီနှစ်မှာတန်းတက်ဖို့ပါပဲ။

MPT Myanmar National League II 2018 ပြိုင်ပွဲအား ပြိုင်ပွဲဝင် ရ သင်းဖြင့် ဇန်နဝါရီ ၂၆ ရက်မှာ စတင်ကျင်းပသွားမှာပါ။ပါဝင်တဲ့အသင်းတွေကတော့မောရဝတီ၊ဖုန်ဂန်၊ ယူနီဗာစတီ၊ ငွေကြယ်ပွင့်လေးများ၊ စီးတီးစတား၊ ဒဂုံအက်ဖ်စီနှင့် အသင်းသစ် Planning & Finance (P&F) အသင်းတို့

ဖြစ်ပါတယ်။ပထမအကျော့ကို ဇန်နဝါရီ ၂၆ ရက်မှ

ဧပြီလ ၅ ရက်အထိလည်းကောင်း၊ ဒုတိယအကျော့ကို မေလ ၂၅ ရက်မှ ဇူလိုင်လ ၂၀ ရက်အထိလည်းကောင်း သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့၌ ကျင်းပသွားမယ်လို့လည်းသိရပါတယ်။စီးတီးစတားမျှော်မှန်း

ထားသလိုဖြစ်လာမလားဆိုတာတော့...

Source-City Stars

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။