ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် နောက်ထပ် ဘဝအမောပြေစေသွားမယ့် ရုပ်၇ှင်ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားလေးရဲ့ နာမည်ကတော့ " မောင် မစ္စက ဝိညာဉ် " ပဲဖြစ်ပါတယ်။ ဘဝအမောတွေပြေပြီး အားရပါးရ ရယ်ချင်တဲ့ ပရိသတ်ကြီးအတွက် သေချာပေါက် ဝါးလုံးကွဲ၇ယ်သွားရစေမယ့် ဟာသဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ 

ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ ညီညီထွန်းလွင်မှ ရိုက်ကူးထားပြီး တွဲဖက်ဒါရိုက်တာများ ကတော့ သီလနဲ့ သြရသတို့ပဲဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်များကတော့ ရန်အောင်၊ ခန့်စည်သူ၊ မြင့်မြတ်၊ ရွှေမှုံရတီ၊ နန်းမြတ်ဖြိုးသင်း၊ နေဆန်းနှင့် အခြားအနုပညာရှင် သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထား ပါတယ်။

ဒီဇာတ်ကားလေး ဟာ ပရိသတ်အချစ်တော် အနုပညာရှင်များစွာ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပြီး မရိုးနိုင်တဲ့ ဟာသ၊ အချစ်စတဲ့ ရသ မျိုးစုံပါဝင်ပေးထားတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ "မောင် မစ္စက ဝိညာဉ် "ဆိုတဲ့ ဇာတ်ကား ထွက်၇ှိလာရင်လည်း ဘဝအမောတွေပြေသွားစေဖို့ တူတူ သွားအားပေးလိုက်ရအောင်နော် ပရိသတ်ကြီးရေ။ ဇာတ်လမးအမြည်း (Thriller) ကို ကြည့်ရှုနိုင်ရန်အတွက်လည်း အောက်မှာ လင့်လေးပေးထားပါတယ်နော်။ 

Source : Myat Chal Motion Picture Production 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။