နှတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ x box ဟာဆိုရင်တော့ လာမယ့်ဇန်နဝါရီလ ၁၁ ရက်နေ့ မှာသီချင်းအသစ်လေးတစ်ပုဒ်ကို ပရိတ်သတ်ကြီးခံစားနားဆင်ဖို့အတွက် ဖြန့်ချီပေးတော့မှာပဲဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၁ရက်နေ့ဟာ အဆိုတော်ရဲလေးရဲ့မွေးနေ့ဖြစ်ပြီး ထိုသီချင်းလေးကိုတော့ ကိုရဲလေးနဲ့အတူတွဲဖက်သီဆိုထားတာပဲဖြစ်ပါတယ်။ သီချင်းလေးရဲနာမည်ကတော့ “သူ့အနား” ပဲဖြစ်ပါတယ်။

အဖူးလေးလို့ ပရိတ်သတ်တွေချစ်စနိုးနာမည်ပေးထားတဲ့ x box ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ချစ်စရာအဆိုတော်ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။သီချင်းဆိုရာမှာလဲ အထာကျကျနဲ့ ပရိတ်သတ်တွေ ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်တစ်ဦးလဲဖြစ်ပါတယ်။သူ့ရဲ့အပြုံးကိုကြွေတဲ့ ပရိတ်သတ်တွေ ရှိရင် မန့်လေးတွေ ချန်ထားခဲ့ကြနော်။

အဖူးလေးကတော့ အခုချိန်မှာ Salute ဆိုတဲ့ ကိုယ်ပိုင် fashion brand တစ်ခုကို ထုတ်လုပ်ဖြန်ချီနေပြီး ဇန်နဝါရီလ ၆ရက်နေ့မှာလဲ x box ကိုယ်တိုင် တပ်မတော်ခန်းမမှာ ပရိတ်သတ်တွေလက်ထဲ ထည့်ပေးခဲ့တာဖြစ်ပါတယ်။ Myanmarload ပရိတ်သတ်ကြီးထဲမှာလည်း မျက်မှန်လေးအမြဲတပ်ထားတဲ့ အဖူးလေးကို ချစ်တဲ့ပရိတ်သတ်တွေ အများကြီးရှိကြတယ်မလား။ မနက်ဖြန်မှာ ထွက်မဲ့ သူ့အနားဆိုတဲ့ သီချင်းလေးကိုလဲ အားပေးလိုက်ကြပါဥိးနော်။

source - Ye Gaung Phoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။