ရုပ်ရျင် သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီး ပရိသတ်အချစ်တော် ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး ကောလဟာလ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်လာခဲ့ပါတယ်..။

ဒီရက်ပိုင်း လူမှုကွန်ယက် ပရိသတ်တွေကြား ယွန်းဝတီလွင်မိုးရဲ့ လက်ထပ်ပွဲလေးဟာ သူမရဲ့ ကိုယ်ဝန်ကြောင့် မြန်မြန်ဆန်ဆန်လက်ထပ်လိုက်ရတာ ဖြစ်ကြောင်း ဂုဏ်သိက္ခာကျဆင်းစေတဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်..။

အဆိုပါ ကောလဟာလသတင်းအမှားတွေနဲ့ ပတ်သက်ပြီး ကာယကံရှင် အကယ်ဒမီ လွင်မိုးတို့ မိသားစုဘက်မှာ တစ်စုံတစ်ခု ပြန်လည်တုန့်ပြန်ခဲ့ခြင်း မရှိခဲ့ပေမယ့် အင်တာဗျူးတစ်ခုမှာတော့ အကယ်ဒမီက အခုလို တုန့်ပြန်ပြောကြားခဲ့ပါတယ်..။

'' ဒါတွေကတော့ ဖေ့ဘုတ်မှာ ကောလာဟလတွေဖော်ပြတယ်ဆိုတာ လူတွေက ကိုယ့်အဆင့်အတန်းကို ဖော်ပြကြတာလေ။ ဒါရှင်းနေတာပဲ.. ကျွန်တော် ဖတ်ကြည့်လိုက်တဲ့ အချိန် ကျွန်တော် ဒေါသလည်း မဖြစ်ဘူး.. စိတ်မကောင်းတော့ဖြစ်တယ်..။ သူတို့က သူတို့ရဲ့ အရည်အသွေးတွေကို သတ္တိရှိရှိနဲ့ရေးကြ တယ်ဆိုတော့ ကျွန်တော်လည်း မစဉ်းစားတတ်ပါဘူးဗျ..။ ကောင်းတာပဲရေးရေး၊ မကောင်းတာပဲရေးရေး ရေးတဲ့သူကတော့ ငါဘာကောင်လဲ ဆိုတာကိုထုတ်ပြလိုက်တာပေါ့.. ဆိုးဆိုးဝါးဝါးတွေလည်း အများကြီးရှိတယ် ဒါတွေများနေရင်တော့ မကောင်းပါဘူး တကယ်ကိုတိုးတက်တဲ့ ခေတ်မီ တဲ့ အဆင့်မြင့်တဲ့ တိုင်းပြည်တွေမှာ ဒီလိုဟာမျိုးတွေ သိပ်မတွေ့ရဘူးဗျ ကျွန်တော်တို့ဆီမှာ များနေတော့ ဒါဟာ အရည်အသွေး သိပ်မကောင်းဘူးပေါ့..'' လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်..။

ပရိသတ်အချစ်တော် ယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်ကတည်းက ပရိသတ်တွေ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားသူလေးဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ (၄)ရက်နေ့မှာတော့ ရန်ကုန်၊ Melia Hotel မှာ ချစ်သူ ထက်ဦးလှိုင်နဲ့အတူ လက်ထပ်ပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

အဲ့ မင်္ဂလာပွဲပြီးတဲ့နောက်ပိုင်းမှာတော့ အခုလို ကောလဟာလသတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်..။

ယွန်းဝတီလွင်မိုးနဲ့ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်တို့ဟာ လွန်ခဲ့တဲ့ (၆)လလောက်ကတည်းက နှစ်ဦးသဘောတူ စေ့စပ်ကြောင်းလမ်းထားခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်..။

Source - စိုးမြတ်နန္ဒာ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။