MRTV -4 ကပြသနေတဲ့ “ဥယျာဉ်မှူး ဖြစ်ချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ ပရိသတ်စောင့်မျှော်ကြည့်ရှုတက်တဲ့ ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ လေးမှာတော့ ကျောင်းဆရာမလေးမဝေအဖြစ် ပိုးကြာဖြူခင်ဆိုတဲ့ မင်းသမီးလေးနဲ့ လူကြမ်း မင်းသားလေးတစ်ယောက်အဖြစ် မင်းသားကျော်ဆုတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

တည်ငြိမ်ပြီး အေးချမ်းတဲ့ကျောင်းဆရာမလေးဇာတ်ရုပ်နဲ့ လိုက်ဖက်မှုရှိတဲ့ ပိုးကြာဖြူခင် ကတော့ ဒီဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်ပထမဆုံး သတိထားမိခဲ့သူတစ်ယောက် ပါ။ ဒီကားလေးနဲ့ ပတ်သက်လို့ အားမနာတမ်းဝေဖန် အကြံပေးနိုင်တယ်လို့လဲ ပြောပြထားပါသေးတယ်။

မင်းသားကျော်ဆုကတော့ MRTV -4 ရဲ့ဇာတ်လမ်းတွဲတွေမှာ မကြာခဏ မြင်တွေ့ရသလို သူကတော့ ဒီကားလေးထဲမှာ စိတ်သဘောထားကောင်းပေမယ့်လည်း ခပ်ကြမ်းကြမ်း စရိုက်ရှိတဲ့ ဇာတ်ရုပ်နေရာက သရုပ်ဆောင်ထားပါတယ်။

သူတို့နှစ်ဦးက အပြင်မှာလည်း သိပ်ကိုရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ဦးပါပဲ။ တစ်ဦးနဲ့ တစ်ဦး စနောက်ကာ မှတ်ချက်များ အပြန်အလှန်ပေးကြလေ့ရှိပါတယ်။

အနုပညာခရီးလမ်းကြောင်းမှာ အောင်မြင်စွာလျှောက်လှမ်းကြမယ့် သူတို့နှစ်ဦးအတွက် ပရိသတ်ရဲ့အားပေးမှုက အားအင်တစ်ခုပါပဲ။ ဒါကြောင့် ချစ်ဖို့ကောင်းတဲ့ ဒီနှစ်ယောက် ကိုလည်း အရင်ကထက်ပိုပြီး ချစ်ရအောင်နော်။

Source – Poe Kyar Phyu Khin & Kyaw Su FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။