အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာတော့ ဆောင်းရာသီက အအေးလွန်ကဲနေပြီမို့ ဆယ်လီတွေလည်း ထသွားထလာ အပြင်ထွက်တဲ့အခါ အနွေးထည်အမိုက်စားတွေ ၀တ်ဆင်ကြပါတယ်။

အဲ့ဒီထဲမှာ လက်တလော ပရိသတ်တွေမျက်စိကျနေတဲ့ သူလေးကတော့ ဗစ်တိုးရီးယားစီးခရက်မော်ဒယ် တစ်ဦးဖြစ်သလို စူပါမော်ဒယ် ဂျီဂျီဟတ်ဒီး ဖြစ်နေပါတယ်။

အသက်(၂၂)နှစ်အရွယ် ဟောလိ၀ုဒ်ရဲ့ နာမည်ကြီးဆယ်လီ Gigi ၀တ်ဆင်ထားတဲ့ အနွေးထည် ပန်းရောင်ဂျာကင် အရှည်ကြီးကတော့ နယူးယောက်ရဲ့ အအေးဒဏ်ကို အန်တုနိုင်မှာပါ။

သူမဟာ ဇန်နဝါရီလ(၉)ရက်နေ့က ပန်းရောင် ခါးတိုအကျင်္ ီလေးအပေါ်မှာ ပန်းရောင်တောက်တောက် ဂျာကင် နဲ့ အရောင်တလက်လက်တောက်နေတဲ့ ဘောင်းဘီအဆင်းကြားကို အထာကျကျ ၀တ်ဆင်ထားတာဖြစ်ပါတယ်။

အမိုက်စားဆောင်းရာသီဖက်ရှင်နဲ့ တစ်ကိုယ်တော် လမ်းလျှောက်ထွက်နေတဲ့ ဂျီဂျီကို ဘေးဘီဝဲယာက လူတွေကတော့ သူမရဲ့ အလှတွေထဲမှာ နစ်မြောသွားမှာအသေချာပါပဲ။

ချစ်စရာကောင်းပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေတဲ့ ဂျီဂျီ ဟာ ဖက်ရှင်ကျကျနေတတ်တာကြောင့်လည်း နာမည်ကြီးနေသူလေးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်နေ့ကတော့ သူမရဲ့ချစ်သူ OneDirection အဖွဲ့ဟောင်း Zayn Malilk နဲ့အတူ တိုက်ခန်းတစ်ခုထဲကနေ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာကို မြင်လိုက်ရသေးတယ်လို့ သတင်းဌာနအချို့က ဖော်ပြထားပါတယ်။

သူမရဲ့ ဆောင်းဖက်ရှင်ကတော့ အလန်းပဲနော်။  

Source : JustJared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။