နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ ဖြိုးပြည့်စုံတစ်ယောက်ကတော့ သူရဲ့စီးရီးအသစ်ကို နာမည်ခပ်ဆန်းဆန်းလေးပေးလိုက်ပါတယ်။ ပရိတ်သတ်တွေကလည်း ဒီနာမည်ကို သဘော ကျပြီး ရယ်မောနေကြပါတယ်။ သီချင်းနာမည်ကတော့ “ မောင်အရင်ထိုး ” ဖြစ်ပါတယ်။ တကယ့်ကို နာမည်အဆန်းပါပဲ။ တစ်ချို့ပရိတ်သတ်တွေကလည်း အတွေးအဆန်းတွေရဲ့ စနောက်ကြပါသေး တယ်။ ဒီလိုနာမည်ခပ်ဆန်းဆန်းနဲ့သီချင်းက ဘယ်လိုပုံစံလေးဖြစ်မလည်း ဆိုတာတော့ လာမယ့် February 14 ရက်နေ့ (ချစ်သူများနေ) မှာ ခံစားသိရှိရတော့မှာ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံဟာ ယခင်ကပြန်ဆိုတေးလေးတွေဆိုရင်းကမှ နားဆင်သူတွေဟာ လက်ခံအားပေး ခဲ့တာကြောင့် နာမည်ရရှိလာတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ တကယ့်ကိုနားဆင်လို့ ကောင်းတဲ့ အသံအေးအေးလေးနဲ့ ပရိတ်သတ်တွေကိုဆွဲဆောင်ခဲ့တာကြောင့် ခုလိုနာမည် ရရှိလာတာပဲ ဖြစ်ပါတယ်။ ယခင်ကလည်း “ မျှော်နိုင်သမျှ ” “ အလွမ်းမှတ်တိုင် ” စတဲ့ သီချင်း Album တွေ ထွက်ရှိထားပြီး ပရိတ်သတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ခုနောက်ဆုံးထွက်ရှိတော့မယ် Album ကတော့ ပရိတ်သတ်တွေပါးစပ်ဖျားမှာ ပြောစမှတ် တွင်နေတဲ့ “ မောင်အရင်ထိုး ” ပဲဖြစ်ပါတယ်။ ဒီလိုနာမည်အဆန်းလေးကြောင့် အခွေလေးက မထွက်ခင်မှာပဲ ပရိတ်သတ်တွေရဲ့ စိတ်ကိုညို့ယူထားလိုက်ပြီပဲဖြစ်ပါတယ်။ ဒီသီချင်းခွေလေး ဟာ ဖေဖော်ဝါရီ ၁၄ ရက် (ချစ်သူများနေ့) မှာထွက်ရှိမှာပဲဖြစ်ပါတယ်။ ဖြိုးပြည့်စုံနဲ့အတူ အဆိုတော် Jewel ကလည်း တွဲဖက်သီဆိုထားတာဖြစ်ပါတယ်။ နှစ်ယောက်သား ဘယ်လို သံစဉ်အကောင်းစားတွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားဦးမလည်းဆိုတာတော့ စိတ်ဝင်စား စရာပဲနော်။

Photo – Phyo Pyae Sone’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။