ဇန်နဝါရီ ၉ ရက်နေ့က ပါကစ္စတန်အနောက်တောင်ပိုင်းအရပ်ရှိ ကွတ်တာမြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ထိုအသေခံဗုံးခွဲသမားရဲ့ လက်ချက်ကြောင့် သေဆုံးသူ ၆ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ဒါ့အပြင် လူ ၁၆ ဦးခန့်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။သေဆုံးသူ ၆ ဦးခန့်မှာ ရဲတပ်ဖွဲ့ဝင် ၅ ဦးပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အကြီးတန်းအရာရှိဖြစ်သူ အဘူလ်ရက်ဇက်ချီမာက "အသေခံဗုံးခွဲသမားဟာ မော်တော်ဆိုင်ကယ်စီးလာပြီး ဘတ်စ်ကားတစ်စီးကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။အသေခံဗုံးခွဲသမားထံမှာ ပါလာတဲ့ ဗုံးတွေဟာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး လမ်းသွားလမ်းလာ တစ်ဦးသေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။လူ ၁၆ ယောက်ခန့်ကတော့ ဒဏ်ရာရရှိခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီး မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့ရဲ့ လက်ချက်ပါလို့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ယခုတိုက်ခိုက်ခံရတဲ့ ခရိုင်ဟာ အစ္စလာမ်မစ်စစ်သွေးကြွများရဲ့ လက်ချက်ကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ဒါ့အပြင် နောက်ထပ်အဖွဲ့တွေဖြစ်တဲ့ ဂိုဏ်းဂဏစွဲအကြမ်းဖက်မှုများနဲ့ ခွဲထွက်ရေးအဖွဲ့များကြောင့်လည်း မငြိမ်မသက်ဖြစ်နေရတာလည်းဖြစ်ပါတယ်။

source - mizzima - news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။