အသံပါဝါကောင်းကောင်း တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ အဆိုတော် Rဇာနည်ရဲ့ဇနီး မော်လ်ဒယ် သရုပ်ဆောင် ဝမ်းကတော့ သူတို့ရဲ့ ဒုတိယရင်သွေးလေးကို မွေးဖွားလိုက်ပါပြီ..။

ယနေ့ ဇန်နဝါရီ(၁၀)ရက်နေ့ နံနက်ပိုင်းမှာ သူတို့ရဲ့ ဒုတိယ သားလေးကို ပန်းလှိုင်စီလုံဆေးရုံကြီးမှာ အောင်မြင်စွာ မွေးဖွားလိုက်တာ ဖြစ်ပါတယ်..။

သားလေးရဲ့ အချင်းသွေးနဲ့ အချင်းတစ်ရှူး ပင်မဆဲလ်တွေကိုလည်း MEDEZE Myanmar (Medeze Stem Cell) မှာ သိမ်းဆည်းထားတယ်လို့လည်း သိရပါတယ်..။

မိခင်ရော ရင်သွေးလေးပါ ကျန်းမာတဲ့ အကြောင်းကို Rဇာနည်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ရေးသားပြောပြထားတာ တွေ့ရပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ပရိသတ်တွေနဲ့ အနုပညာရှင် မိတ်ဆွေသူငယ်ချင်းတွေကလည်း အားလုံးဝိုင်းပြီး ဂုဏ်ပြုစကားများ ရေးသားပြောထားကြပါတယ်..။

ချစ်စရာကောင်းတဲ့ ရင်သွေးလေးရဲ့ မွေးကင်းစပုံလေးကိုလည်း သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

အဆိုတော် Rဇာနည်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေပေမယ့် ရိူးပွဲတွေ ဆက်တိုက် သီဆိုဖျော်ဖြေနေပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာ တွေ့ရပါတယ်..။

အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦး ဖြစ်သလို ချစ်စရာရင်သွေးလေးတွေကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာ ဖြစ်ပါတယ်..။

ဒီနေ့လေးကတော့ အဆိုတော် Rဇာနည်၊ ဝမ်းနဲ့ သားလေး ဖစ်ဖစ်တုန်တို့ရဲ့ မိသားစုဝင်ထပ်တိုးလာတဲ့ အမှတ်တရ အထိမ်းအမှတ်နေ့လေးလည်း ဖြစ်ပါတယ်.. ပရိသတ်ကြီးများကလည်း ဂုဏ်ပြုစကားလေးတွေ ပြောပေးသွားပါဦးနော်..။

Source – Rဇာနည် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။