ပရိသတ်အချစ်တော် သရုပ်ဆောင် ယွန်းယွန်းကတော့ ရန်ကုန်တက္ကသိုလ်မှာ ဒီနေ့ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ပညာရည်ချွန်ဆုကို ရရှိခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနတွင် ၂၀၁၆ ခုနှစ်က ပထမနှစ်သင်တန်းကို စတင်တတ်ရောက်ခဲ့တာဖြစ်ပါတယ်။

ထိုနှစ်မှာစပြီး ပညာရေးကို အာရုံစိုက်လုပ်ကိုင်နေတဲ့ ယွန်းယွန်းကတော့ ပထမနှစ်ကိုအောင်မြင်စွာတတ်ရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်က ချီးမြင့်တဲ့ ပညာရည်ချွန်၂၀၁၆ -၂၀၁၇ ပညာသင်နှစ်၊ ဒုတိယဆုကို ရရှိခဲ့တာဖြစ်ပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ သူမရဲ့ပညာထူးချွန်မှုကို ချီးကျူးနေကြပါတယ်။

သူမကတော့ ဒီနေ့မှာအမေဖြစ်သူနဲ့အတူ ဆုကိုသွားရောက်ယူခဲ့တာဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ယွန်းယွန်းကို ပရိသတ်တွေကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်ချင်နေကြပါတယ်။ကလေးသရုပ်ဆောင်ဇာတ်ရုပ်နဲ့ နှစ်ပေါင်းများစွာသရုပ်ဆောင်ခဲ့တဲ့ သူမကို ပရိသတ်များစွာက အားပေးလျှက်ရှိကြပါတယ်။ 

photo - myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။