ဒီနေ့မနက်က စင်ကာပူနိုင်ငံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမီးလောင်မှုဟာ Toa Payoh Long 5 ရှိ လူနေအထပ်မြင့်တိုက်ခန်း Block 45 ၏ ၁၅ လွှာတွင် နံနက် ၉:၄၀ နာရီ အချိန်ခန့်ကလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုကြောင့် တိုက်ခန်းတွင်းနေထိုင်သူ လူဦးရေ(၇၀)ကျော်ကိုလည်း ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ပါတယ်။ မီးလောင်ရာတိုက်ခန်းတွင်းနေထိုင်သူများအထဲတွင် မြန်မာလူမျိုးများလည်းရှိတယ်လို့ သိရှိရပါတယ်။

မီးလောင်ရာတွင်ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဘယ်လောက်ဆုံးရှုံးခဲ့ရသလဲဆိုတာကိုတော့ အတိအကျဖော်ပြထားခြင်းမရှိသေးပါဘူး။ 

ယခုခြောက်သွေ့ရာသီဟာ နိုင်ငံအသီးသီးမှာမီးလောင်မှုဖြစ်ပွားနူန်းတွေတိုးမြင့်လျှက်ရှိနေတာတွေ့ရှိရပါတယ်။

မကြာမှီရောက်ရှိလာတော့မယ့်နွေရာသီဟာလည်း မီးလောင်မှုအန္တရာယ်အများဆုံးဖြစ်ပွားလွယ်တဲ့ရာသီဖြစ်တဲ့အတွက် ကြိိုတင်ကာကွယ်မှုတွေပြုလုပ်ထားသင့်ပါတယ်။

source-စလံုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။