ဒီလိုတက်ခုန်တာကြောင့် ကလေးလေးရဲ့ ရင်ဘတ်နေရာဟာ ကားတိုက်ခံရတဲ့လူနာတစ်ယောက်နီးပါး အရိုးတွေကြေပြီး နှလုံးမှာ အပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပါတယ်။

အသက်၂၃နှစ်အရွယ်ရှိ Kathryn Smith အမည်ရှိ ကလေးမိခင်တစ်ဦးဟာ တစ်နှစ်နဲ့ ၉လအရွယ်သာရှိတဲ့ Ayeeshiaအမည်ရတဲ့ သမီးလေးရဲ့ကိုယ်ပေါ် ဆေးကြောင်ကြောင်ပြီး မသေမချင်းတက်ခုန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Derbyshire ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သမီးငယ်လေးဟာ မေမေရေတော်ပါတော့လို့ ထပ်ခါတစ်လဲလဲ အော်ငိုနေခဲ့ပါတယ်။

ဆေးကြောင်ကြောင်နေတဲ့ အမေဖြစ်သူဟာ ဘာကိုမှသတိမရတော့ဘဲ ကလေးငယ်လေး အသံမတိတ်မချင်း ခုန်နေခဲ့တာကြောင့် ကလေးငယ်လေးဟာ နံရိုးတွေကျိုးပြီး နှလုံးမှာ အပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် Kathryn Smithဟာ ထောင်ဒဏ်ကျခံခဲ့ရပြီး အမျိုးသမီးအကျဉ်းထောင်ထဲမှာပဲ သူမကို သေဆုံးသွားတဲ့ ကလေးငယ်လေးအစား တခြားအကျဉ်းကျအမျိုးသမီးတွေဟာ ၀ိုင်းဝန်းနှိပ်စက်တာတွေရှိခဲ့ပါတယ်။ 

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။