နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းတစ်ယောက် ချစ်စဖွယ်မြန်မာဝတ်စုံ လေးနဲ့ အရမ်းကိုနန်းဆန်နေပါတယ် ပရိတ်သတ်ကြီးရေ။ ခရမ်းရောင်ဝမ်းဆက်လေးနဲ့ ဆံပင် ကိုကျစ်ဆံမြီး ခွဲကျစ်ကာ ပြန်လိပ်ထားတဲ့ အရေးပိုင်မင်းခေတ်ကပုံစံလေးအတိုင်း ပြင်ဆင်ထား ပြီး တကယ့်ကို အိနြေ္ဒရှင် နန်းဆန်သူလေးတစ်ယောက်ပုံစံပါပဲ။ သူမဟာ 2017 တုန်းက ချစ်သူနဲ့အတူ လက်ထပ်ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်နေ တာပဲဖြစ်ပါတယ်။ သူမ မင်္ဂလာဆောင်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်လာတာကြောင့် သူမက မဟုတ်ကြောင်း Interview တစ်ခုမှာ ဖြေကြားခဲ့ ပါသေးတယ်။

သူမမှာ ရိုက်စရာဇာတ်ကားတွေအများအပြားရှိနေတာဖြစ်ပြီး 2018 တစ်ခုလုံးကိုလည်း ဇာတ်ကား ရိုက်ကူးရင်းဖြတ်သန်းမယ်လို့ဆိုပါတယ်။ ပရိတ်သတ်တွေကိုအကောင်းဆုံး ပေးဆပ်ချင်တာမို့ လတ်တလောတော့ ကလေးမယူဖြစ်သေးပါဘူးလို့ဆိုပါတယ်။ ခင်ပွန်း ဖြစ်သူကလည်း သူမကို အရမ်းကိုချစ်ခင်တာမို့ ပရိတ်သတ်တွေအားကျတဲ့ ချစ်စရာကောင်း တဲ့ ဇနီးမောင်နှံ နှစ်ဦးပါပဲ။ သူမက သရုပ်ဆောင်ပိုင်းမှာတင်မက အဆိုပိုင်းမှာပါ ထူးချွန် ပြီး နန်းသူဇာနဲ့ တွဲဖက်ပြီး သီချင်းခွေထွက်ရှိခဲ့ပါ သေးတယ်။ ပရိတ်သတ်တွေကလည်း အားပေးခဲ့ကြပြီး အောင်မြင်ခဲ့တဲ့ သီချင်းခွေလေးတစ်ပုဒ်ပါပဲ။

သူမရဲ့လက်ရှိ နန်းဆန်တဲ့ပုံရိပ်လေးကို ဒီနေ့တော့အိနြေ္ဒရှင်မလေးပြန်ဖြစ်သွားပီရှင့် ဆို ပြီး တင်ထားတာဖြစ်ပါတယ်။ ဒီလိုလှပပြီး ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးကို ဒီဇိုင် မှာ ယုံယုံက ချုပ်လုပ်ပေးထားတာဖြစ်ပြီး နန်းမြတ်နဲ့အရမ်းကိုလိုက်ဖက်လွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ ချစ်စရာကောင်းပြီး ကျက်သရေရှိလှတဲ့ နန်းမြတ်ရဲ့ မြန်မာဆန်ဆန် ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Nan Myat Phyo Thin’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။