ဇန်နဝါရီ ၁၅ ရက် မှစတင်ကာ လာမည့် ပညာသင်နှစ် တွင် ပြောင်းလဲသင်ကြားမယ့် ဒုတိယတန်း သင်ရိုး သစ်အတွက် ပညာရေးကော လိပ်များမှ ဆရာ၊ ဆရာမ ၃၀၀ ကျော်အကို သင်တန်းပေးမယ်လို့ သိရပါတယ်။ ဒုတိယတန်း သင်ရိုးသစ် သင်ကြားမယ့် ဆရာ၊ ဆရာမများ အား ဆင့်ပွားသင်တန်းများ ပို့ချရန် ဗဟိုအဆင့် သင်ပြနည်းသင်တန်း ကို ဦးစွာဖွင့်လှစ်ပြီး ဗဟိုအဆင့် တွင် ပညာရေးကောလိပ် ဆရာ၊ဆရာမ ၃၀၀ ကျော်အား သုံးကြိမ်ခွဲ ပြီး သင်တန်းပေးမှာ ဖြစ်တယ်လို့ သုတေသန၊ စီမံကိန်းနှင့် လေ့ ကျင့်ရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာဇော် လတ်ထွန်းက ပြောပါတယ်။ 

‘‘ဗဟိုအဆင့်သင်တန်းကို ပညာရေး ကောလိပ်တွေက ဆရာ၊ ဆရာမ ၃၄၀ ဦးလောက်ကို သုံးသုတ်ခွဲ ပေးမယ်။ တစ်သုတ်မှာ ၁၀၀ ကျော်လောက်ပါမယ်။ တစ် ပတ်စီပေါ့။ သူတို့က ဗဟိုအဆင့် မှာ တက်ပြီးရင် တိုင်းနဲ့ပြည်နယ် မှာ သင်တန်းပြန်ပေးရမယ်။ ကျန် တဲ့ မူလတန်းပြတွေက သူတို့ဆီ ကတစ်ဆင့် တိုင်းအဆင့်၊ မြို့နယ် အဆင့် အဆင့်ဆင့်ပြန်သင်တန်း တက်ရမှာပါ’’လို့ ၎င်းကပြောပါတယ်။ ဗဟိုအဆင့် သင်ပြနည်းသင် တန်းကို ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ၊ ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက်အထိနှင့် ဇန်နဝါရီ ၂၉ ရက် မှ ဖေဖော်ဝါရီ ၂ ရက်အထိ သုံး ကြိမ်ခွဲကာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့် အုပ်ချုပ်မှုသင်တန်းကျောင်းတွင် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဒုတိယတန်း သင်ရိုးသစ် တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက် တာကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ပန်းချီ၊ ဂီတ၊ ကာယဘာသာရပ် ၁၀ ခုပါရှိပြီး ကလေး များရဲ့ အသိပညာ၊ ကျွမ်းကျင်မှု နှင့် သဘောထားများကို လေ့ကျင့်ပျိုးထောင်ပေးမယ့် သင်ခန်းစာများ ထည့်သွင်း သင်ကြားမှာဖြစ်တယ်လို့ ဒေါက်တာဇော် လတ်ထွန်းက ပြောပါတယ်။ သင်ရိုသစ်သင်ပြနည်း ဗဟို အဆင့် တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအုပ်စုအဆင့် သင်တန်း များကို ဇန်နဝါရီ ၁၅ ရက်မှ မတ်လ ၂၂ ရက်အထိ အဆင့်ဆင့်ဖွင့်လှစ် သင်ကြားသွားမှာပဲဖြစ်ပါတယ်။

အခြေခံပညာအတန်းများ ကို သင်ရိုးညွှန်းတမ်းအသစ်များ ဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်သင်ကြားခဲ့ပြီး တစ်နှစ်တစ်တန်းနှုန်း သင်ခဲ့ရာ ဒုတိယတန်းကို ၂၀၁၈ -၁၉ ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် စတင်သင်ကြား မယ်လို့ သိရပါတယ်။ဒုတိယတန်းသင်ရိုးညွှန်း တမ်းအသစ်ကို ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ (JICA) နှင့် အခြေခံ ပညာသင်ရိုးညွှန်းတမ်းကော်မတီ တို့မှ ပူးပေါင်းရေးဆွဲခဲ့တာ ပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ဆုဆက်(7 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။