တောင်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေဟာ ပြဿနာတွေ ဖြေရှင်းရေးနဲ့ ပဋိပက္ခတွေ ရှောင်လွှဲရေးအတွက် ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ဇန်နဝါရီ ၉ ရက်နေ့မှာ သဘောတူညီမှုရရှိခဲ့ပါတယ်။ နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ညှိနှိုင်းမှုကို(၁၁)နာရီအကြာဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်မှာတော့ (၂)နိုင်ငံကြား ပြေလည်မှုရရှိခဲ့ပါတယ်။

တောငု်ကိုရီးယားနှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂွန်က “တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ ညှိနှိုင်းဆွေးနွေး တိုင်ပင်မှုတွေကနေတဆင့် ပြဿနာတွေကို ဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအတွက် နှစ်ဖက်စလုံးက ကဏ္ဍအသီးသီးမှာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောပြထားပါတယ်။

မြောက်ကိုးရီးယားနှစ်နိုင်ငံပေါင်းစည်းရေးကော်မတီ ဥက္ကဋ္ဌရီဆန်ဂွန်က“လာမယ့် ဆောင်းရာသီ အိုလံပစ်မှာ မြောက်ကိုရီးက အဆင့်မြင့်အရာရှိတွေ၊ အိုလံပစ်ကိုယ်စားလှယ်အဖွဲ့၊ အားကစားသမားတွေ၊ အားပေးတဲ့အဖွဲ့၊ အနုပညာသည်တွေအပြင် ပွဲကြည့်ပရိသတ်တွေနဲ့ သတင်းထောက်တွေကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တောင်ကိုရီးယားဘက်ကလည်း လိုအပ်တဲ့အကူအညီတွေ ပေးဖို့ သဘောတူခဲ့ပါတယ်” လို့ ဆသိရှိရပါတယ်။

ဆက်လက်ပြီး ရီဆန်ဂွန်က “နျူကလီးယားအရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့ရဲ့ ဗျူဟာမြောက် လက်နက်တွေမှာ အဏုမြူဗုံး၊ ဟိုက်ဒရိုဂျင်ဗုံးနဲ့ တိုက်ချင်းပစ် ဒုံးပျံတွေ ပါဝင်ပါတယ်။ အဲဒီလက်နက်တွေဟာ အမေရိကန်အတွက် ရည်ရွယ်တာပါ။ ကျနော်တို့ညီနောင်ကို မရည်ရွယ်ပါဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။

အခုလို နှစ်နုင်ငံကြားစည်းစည်းလုံးလုံးဖြစ်သွားကြတဲ့အတွက် ကိုးရီးယားပြည်သူများလည်း အထူးဝမ်းမြှောက်လျက်ရှိကြမယ်ထင်ပါတယ်။ 

source-Dvb Tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။