မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ အသင်းရဲ့နောက်တန်းကို အားဖြည့်ဖို့အတွက် နောက်တန်းကစားသမားအချို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းရဲ့နောက်တန်းကစားသမားကို ဂျွန်နီအီဗန့်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေးမယ့် ပြောင်းရွှေ့ကြေး ညှိနိူင်းမရသေးတာကြောင့် ကြန့်ကြာနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် နောက်ထပ် လူငယ်ကစားသမား တစ်ယောက်ကို ခေါ်ယူဖို့ မျက်စိကျနေတာလည်းဖြစ်ပါတယ်။

ဂွာဒီယိုလာခေါ်ယူဖို့ မျက်စိကျနေတဲ့ နောက်တန်းကစားသမားကတော့ ဘာစီလိုနာအသင်းရဲ့ ကစားသမား အမ်တီတီ ပဲဖြစ်ပါတယ်။အမ်တီတီ ဟာ အသက် ၂၄ နှစ်အရွယ်သာရှိသေးတာလည်းဖြစ်ပါတယ်၊အမ်တီတီ အတွက် မန်စီးတီးအသင်းဟာ ပေါင် သန်း ၅၀ အသုံးပြုပြီးခေါ်ယူသွားဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ဂွာဒီယိုလာဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ နောက်တန်းကစားသမားတစ်ဦးကို အရခေါ်ယူသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

အမ်တီတီဟာ ဘာစီလိုနာအသင်းနဲ့ စာချူပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ ခံစစ်မှာ ပီကေးနဲ့ အတူ ဦးဆောင်ကစားနေတာ လည်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့ အမ်တီတီ ကို လက်လွှတ်သွားမလားဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းနေပြီဗျာ။

source - daily mail sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။